!unicode!
သို့သော် တစ်အောင့်ကြာသော် ကျင်းဖေးထုန်ရယ်မောလိုက်သည်။
သူကလက်ထဲရှိပစ္စည်းများကိုထိုကဲ့သို့ကိုင်ထားလျက်သားဖြင့် ရှုလင်ကျားထံလျှောက်လာကာဆိုသည်။
"ကိုယ်တို့...ထပ်တွေ့ကြပြန်ပြီနော်။"----ဒီတစ်ခေါက်တွင် ကျင်းဖေးထုန်ကမြေခွေးလေးကိုမြင်လိုက်တိုင်းမှာ ပြောလေ့ရှိသည့်စကားကိုပြောလာပေသည်။
ရှုလင်ကျားသည်အချိန်အကြာကြီးစိတ်ဖြေနေမိပေမဲ့ ကျင်းဖေးထုန်၏စကားများကိုကြားလိုက်ရချိန်တွင် သူ့မျက်နှာမှာရုတ်ခြည်းပူနွေးလာပြန်ကာသူ့ဒေါသကိုရင်ထဲမှာဖိနှိပ်ထားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဒီအချိန်တွင်အပြင်မှာမှောင်မည်းနေပြီမို့ သူမမြင်နိုင်ပေ။
သူပြောလိုက်သည်။"ဟမ့်။"
ကျင်းဖေးထုန်ကသူ့ကိုအပြုံးတစ်ပွင့်တစ်အောင့်ကြာကြည့်နေပြီးနောက် ခေါင်းခါကာပြောလာသည်။
"ဟုတ်သား၊ မင်းဒေါသထွက်နေတုန်းပဲ၊ အိုက်ယား၊ ကိုယ်တောင်းပန်ပါတယ်ကွာ။"သူရှင်းပြလိုက်သည်။
"မင်းနဲ့အဲ့ဒီ့မြေခွေးလေးကအရမ်းဆင်တူနေတာကို ကိုယ်မတော်တဆသိလိုက်ရတာပါ၊ တကယ်တော့ကိုယ်မင်းကိုအမြဲပြောချင်နေခဲ့တာ၊ ဒါပေမဲ့ မင်းဒေါသထွက်သွားပြီးတော့ ကိုယ့်ဆီမလာတော့မှာကြောက်လို့ ကိုယ်ဘယ်လိုပြောပြရမယ်မှန်းမသိတာ။"ရှုလင်ကျားကကျင်းဖေးထုန်ကိုဘေးတိုက်အကြည့်တစ်ချက်ပေးလာသည်။
တကယ်တော့ သူအစကတည်းကဒေါသအရမ်းမထွက်ပေ။ ယခုကျင်းဖေးထုန်၏ရိုးသားသောမျက်နှာထားကိုမြင်လိုက်ရရာ ဒီကိစ္စအတွက်တစ်ခုခုပြောဖို့ရာသူတကယ့်ကိုရှက်ရွံ့သွားမိပြီး ပြောလိုက်သည်။
"ထားလိုက်တော့၊ နောက်တစ်ခါခင်ဗျားသိသွားရင်ကျွန်တော့်ကိုဘာမှမဖုံးကွယ်ထားနဲ့!"ကျင်းဖေးထုန်ကလေးနက်စွာဆိုသည်။
"သေချာပေါက်ပေါ့။"သူပြောလို့ပြီးသွားသော် သူပြုံးကာပြောလာပြန်သည်။
"မင်းပြောနိုင်လား။ တကယ်တော့ မင်းဒါတွေကိုဂရုစိုက်နေတာ ကိစ္စကြီးလို့ကိုယ်ထင်တယ်။ ဒါတကယ့်ကိုမေးခွန်းသတ်တာပဲ။"
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...