S2- 21 ⚠

2.5K 135 13
                                    

အနောက်ဘက်သို့ တရွေ့ရွေ့ဝင်နေသော နေလုံးကြီးနှင့်အပြိုင် ပန်းဆီရောင်သန်းနေသော ညနေခင်းတစ်ခု၏အောက်တွင် သွားလာလှုပ်ရှားနေကြသော လူအများစု၏မျက်နှာထက်၌ အပြုံးပန်းလေးများဝေကောင်းဝေနိုင်နေပေမယ့် ထိုသူများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ခြံဝန်းတစ်ခုထဲရှိ ပျိုးပင်လေးများနှင့် ပန်းပင်လေးများအား လိုက်လံ၍ ရေအာဟာရဖြည့်တင်းနေပါသော ကောင်ငယ်လေးသည်ကတော့ အသက်မဲ့စွာနှင့်ပင် လှုပ်ရှားမှုတစ်ခုချင်းစီအား တိတိပပလုပ်ဆောင်နေလေသည်။

ထို အေးစက်စက်ကောင်လေးအား ညနေခင်းရဲ့လေပြေညှင်းက ထွေးပွေ့သည့်အခါမှာတော့ အနှီကောင်လေးသည် လုပ်လက်စများကိုရပ်ပြီး တိုးတိုက်လာသော လေညှင်းလေး၏အနှစ်သာရအား ငြိမ်သက်ကာခံစားနေသည်ကို တွေ့ရလေသည်။

မင်းနန္ဒအောင်တစ်ယောက် ညီတော်ရဲ့ပန်းခြံလေးအား ရေလောင်းပေါင်းသင်ပေးပြီးသည့်အခါ၌ တဝှေ့ဝှေ့တိုက်ခတ်လာသည့် လတ်ဆက်လွန်းသောလေနုအေးလေးများကြောင့် လုပ်လက်စများကိုရပ်တန့်လိုက်ပြီး မျက်နှာအနှံ့ပြေးလွှားသွားသော လေပြေညှင်း၏ကျီစယ်မှုအား ငြိမ်သက်စွာခံယူနေမိသည်။

ဖမ်းဆုပ်ဖို့ခက်တဲ့လေ​ပြေညှင်းနှင့်အတူ အလွမ်းဟူသော စိတ္တဇနာမ်လေးက ဝင်ရောက်လာသည့်အခါ၌တွင်တော့ မင်းနန္ဒအောင်၏ ရင်တွင်း၌ နင့်သည်းစွာခံစားလာရတော့သည်။

တစ်လတိတိရှိခဲ့ပြီဖြစ်သည်....။

မေမေ့အကြောင်းကြားသိရပြီးနောက် ရှင်လျက်နှင့်သေနေသည့်လူလို အိပ်ရာထဲ၌ဘုန်းဘုန်းလဲလျက်ပင် အသက်ဆက်ရှင်ခဲ့ရပါသော မင်းနန္ဒအောင်သည် ကံ့ကော်သက်လွင်တို့မိသားစု၏နွေးထွေးသောမေတ္တာများကြောင့်သာ အခုလို သွားလာလှုပ်ရှားလာနိုင်တာဖြစ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာအရ အဆင်ပြေလာပေမယ့် စိတ်ပိုင်းဆိုင်ရာသည်ကတော့ ဟိုးအနက်ရှိုင်းဆုံးတစ်နေရာအထိပါ သျှင်းသန့်ဦးဟူသော ဆူးတစ်ချောင်း၏ထိုးစိုက်မှုကိုခံထားရတာမို့ နှုတ်ယူပစ်ဖို့ရာ ခက်ခဲလွန်းစွာဖြင့် ထိုဆူးကလေးပေးအပ်လာသော နာကျင်မှုအားခံယူကာ အသက်ရှင်နေရပါသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Wo Geschichten leben. Entdecke jetzt