Uni
Top10 စီးပွားရေးရှင်တွေထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် နက္ခတ်ဆက်။ နက္ခတ်ဆက်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူဆိုတာမရှိသလောက်ပဲ။
အေးပေါ့လေ... စီးပွားရေးလောကမှာကျော်ကြားတဲ့ နက္ခတ်ဆက်ကို မသိရင်တုံးရာကျတာပေါ့။ နက္ခတ်ဆက်က စီးပွားရေးလောကမှာပဲ ကျော်ကြားတာလား ဆိုရင်တော့ မိန်းကလေးများကြားထဲမှာလဲ ရေပန်းစားတဲ့ သူတစ်ယောက်ပေါ့။မိန်းကလေးတွေသာမက တစ်ချို့ကောင်လေးတွေရဲ့ နှလုံးသားကိုလဲ အရယူနိုင်ပြန်သေးပါတယ်။
နက္ခတ်ဆက်က play boy တစ်ယောက်ဆိုပင်မဲ့ စည်းမရှိဘောင်မရှိမဟုတ်ပဲ သူ့စီလာတဲ့သူတွေကို လက်ခံနေယုံပဲရှိတယ်။______
" တောင်းပန်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ "
" ဟက် ရီစရာတွေသိပ်ပြောတတ်တာပဲ ”
"ခေါင်းဆောင် ကျွန်တော့်မှာမိသားစုရှိပါတယ် ကျွန်တော်မသေချင်သေးဘူး ”
" အဲ့တာ မင်းသစ္စာမဖောက်ခင်တည်းက စိတ်ထဲရှိသင့်တာ ”
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုအခွင့်ရေးထပ်ပေးပါ ခေါင်းဆောင်”
" ဟက် NWB ဂိုဏ်းကို သူတော်စဥ်ဂိုဏ်းများမှတ်နေလား ဒါပင်မဲ့ မင်းကိုပေါ့လျော့တဲ့အနေနဲ့ ငါ Hell ကိုမပို့ပါဘူး Grim Reaperလောက်ပဲ...”
နက္ခတ်ဆက် စကားများရပ်တန့်သွားသည်နှင့်အတူ NWB ဂိုဏ်းကိုသစ္စာဖောက်မိသူလည်း မိမိအမှားကို နောင်တရ၍မဆုံးဖြစ်နေမိသည် ။
" မ...မ လုပ် ပါ နဲ့ တောင်းပန်ပါတယ် ”
Hell မပို့ဘူးဆိုတော့ ဘုရားပေးတဲ့အခွင့်ရေးပဲလို့ထင်ပြီးပျော်နေမိသူမှာ Grim Reaper ဆိုတဲ့အသံကြောင့် အသံပင်မထွက်နိုင်လောက်အောင် ကြောက်လန့်နေမိပြီ ။
" သူ့ကို ခေါ်သွားတော့ "
နက္ခတ်ဆက် လက်ပြပြီးပြောလိုက်သည်နှင့် သူ့နောက်မှာရပ်နေသည့် လူနှစ်ယောက်က ထိုသစ္စာဖောက်အား ဆွဲခေါ်သွားကြလေသည် ။ တကယ်ပါ နက္ခတ်ဘဝမှာ ကိုယ့်ကိုသစ္စာဖောက်တာကို အမုန်းဆုံးပဲ.... ။
YOU ARE READING
✨နက္ခတ်ကြွေတဲ့ ကြယ်✨ [Ongoing]
Romanceဘယ်အရာကိုမှ မမျှော်လင့်တော့ပဲ လုံလောက်အောင်စိတ်ကုန်သွားတဲ့အခါ အရာရာကိုစွန့်ပစ်တတ်လာတယ်~~ နာကျင်တာနဲ့ နာကျည်းတာကမတူဘူး နာကျင်တာကခဏတာဆိုပင်မဲ့ နာကျည်းတာကတော့တစ်သက်စာ~~~ တောင်းပန်တာကမလုံလောက်မှန်းသိပေမဲ့ ဆက်တောင်းပန်နေမိတယ်~~