*အခုတလော လိင်တူစုံတွဲတွေ တအားများလာတာဘဲ..ဒီမှာကြည့်ပါအုန်း အရမ်းချစ်စရာကောင်းလိုက်တာ.*Dutyချိန်ပြီးလို့ နားနေကြရင်း သူငယ်ချင်းဆရာဝန်မလေးက ဖုန်းကို သူ(မ)၏အရှေ့ကိုလှမ်းပြသည်။
ထို့ကြောင့် Meryလည်း ကော်ဖီပူပူတွေကိုမှုတ်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို တချက်လေးဝေ့ကြည့်လိုက်သည်
သူ(မ)ဒါမျိုးတွေကို သဘောမကျဘူး။ဘယ်လောက်ဘဲ ခေတ်မှီတယ်ပြောပြော။အားမပေးတာတော့ အမှန်ဘဲ။*သဘာဝကို ဆန့်ကျင်နေကြတာ.*
*နင်ကလည်း..အသည်းယားစရာလေးပါ..ကြည့်ပါအုန်း daddy typeကြီး.သူ့ကောင်လေးကို ဓာတ်ပုံရိုက်ပေးနေတာ..*
သူငယ်ချင်းမလေးက အတင်းကာရော မှတ်ချက်တွေပေးနေတာကြောင့် သူ(မ)လည်း အနီးကပ်လေးကြည့်လိုက်သည်
ထိုအချိန်မှာဘဲ သူ(မ)ရဲ့ မျက်ဝန်းတို့ပြူးကျယ်ကုန်သည်။အနောက်ကနေကြည့်တာနဲ့တင် ဒီကျောပြင်ကျယ်ကာ jeonဆိုတာ အလွတ်ရနေပြီးသား။ဒါပေမယ့် ဘယ်လိုလုပ် jeon.က LGBTတဲ့ websiteတခုထဲကိုရောက်နေရတာလဲ။နောက်ပြီး jeon ဓာတ်ပုံရ်ုက်ပေးနေတာက ဖြူဖြူဖွေးဖွေးကောင်လေးတယောက်။ဘာတွေလဲ။
ဒါဆို Jeonခရီးတာ ဒီကောင်လေးနဲ့လား။ jinပြောတဲ့စကားတွေနဲ့ ဆက်စပ်ကြည့်လိုက်ရင် jeonချစ်သူဆိုတာ ဒီကောင်လေးလား။
တခဏအတွင်း သူ(မ)ရဲ့ ဦးနှောက်တွေကို အလုပ်ပေးနေမိသည်။သူ(မ)တကယ်ကို လိုက်မမှီတော့ဘူး။ဒါပေမယ့်လည်း လူမှားတာရော မဖြစ်နိုင်ဘူးလား။ဟုတ်တယ်..jeonလို ကျောပြင်ကျယ်တွေက အများကြီးဘဲကို။လူမှားတာနေမှာပါ။jeonသာ ချစ်သူရှိနေရင် သူနဲ့ စေ့စပ်ပါ့မလား*Mery!!*
*ဟင်..ဟင်.*
*ဘာတွေ တွေးနေတာလဲ ဒီလောက်ခေါ်နေတာကို*
*Sorry.ငါ အတွေးလွန်သွားတယ်..ဘာပြောလိုက်တာလဲ.*
*နင့်..လူကြီးနဲ့ ငါတို့ကို မိတ်ဆက်ပေးအုန်းလေ.*
*ဪ..အင်းပါ..Duty offတဲ့နေ့ကြရင် မိတ်ဆက်ပေးမယ်နော်.*
*အိုခေ.*
အေးစက်သွားတဲ့ ကော်ဖီတခွက်ကို မော့သောက်ရင်း သူ(မ)အတွေးထဲ jeonကိုသာ တွေးနေမိသည် ။လူတူမရှားနာမည်တူမရှားဘူးဆိုပေမယ့် သူ(မ) ရဲ့ မသိစိတ်က jeonလို့ဘဲ ထင်နေတယ်။
သေချာသွားအောင် jeonဆီကိုသွားပြီး တီးခေါက်ကြည့်ရမယ်။တကယ်သာဆိုရင်တော့ မင်္ဂလာပွဲကို အမြန်ဆုံးကျင်းပကြတာပေါ့။