ဒီအိမ်ကြီးက အံ့ဩစရာသိပ်ကောင်းတယ်။ ပျက်စီးနေတဲ့ခြံကြီးရဲ့နောက်မှာ ပုံပြင်ဟောင်းတွေအများကြီးရှိနေတယ်။ ဘယ်သူမှမသိနိုင်တဲ့အရာ ၊ ဘယ်သူမှမမြင်နိုင်တဲ့အရာ ၊ ဖြေရှင်းဖို့ခက်တဲ့အကြောင်းတရားတွေသိပ်များနိုင်တယ်။
ဟုတ်တယ်မလား လရောင်အောက်က ငိုကြွေးသံပိုင်ရှင်ငယ်။ ငါမှန်တယ်မလား။
Tale of the Moonlight
ကောင်းကောင်းအနားယူလိုက်ပြီးနောက်မှာ
ထယ်ယောင်းနေလည်းပြန်ကောင်းလာပြီမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် မနက်စောစောလမ်းလျှောက်ထွက်လာခဲ့သည်။ မနက်စာအတွက်တော့ အဖွားလာပေးထားတဲ့ပေါင်မုန့်ပူပူထုပ်လေးက အကောင်းဆုံးပင်။"အရသာရှိလိုက်တာ"
ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ရင်း ထယ်ယောင်းတစ်ယောက် မနက်ခင်းကိုသဘောကျနေမိ၏။ အေးချမ်းမှုကိုကြိုက်တဲ့စာရေးဆရာတစ်ယောက်အတွက်တော့ သဘာဝတရားကအကောင်းဆုံးပဲလေ။
"ဘယ်သူမှမရှိဘူးပဲ"
လျှောက်ရင်း လျှောက်ရင်း လမ်းချိုးလေးအပြင်ဘက်ထွက်လိုက်တော့ ကားလမ်းကြီးဆီသို့သွားတဲ့ ခပ်ကျယ်ကျယ်လမ်းမကတိတ်ဆိတ်လျက်။ ကားတစ်စီးမပြောနှင့် လူသွားလူလာတောင်မရှိ။ စိတ်ထဲဝင်လာသည်က ဟိုခြံကြီး။ အဖွားပြောတဲ့ ပါးစပ်ရာဇဝင်တွေရှိတယ်ဆိုတဲ့ခြံဟောင်းကြီး။ ဒီလမ်းပေါ်မှာပဲ ကျွန်တော့်စိတ်ထဲတစ်မျိုးခံစားရတဲ့ ဟိုခြံကြီးရှိတာပေါ့။
"ဦးကြီးတို့ ဟို...ဘာလုပ်နေကြတာလဲဗျ"
ထယ်ယောင်းလမ်းလျှောက်ရင်း ခြံကြီးနားရောက်တော့ အလုပ်သမားတွေအများကြီးက ခြံကြီးရှေ့မှာမြုံစိမြုံစိလုပ်နေတာမြင်လိုက်ရသည်။ အမြဲတမ်းပစ်ထားတဲ့ခြံအိုကြီးက ဒီနေ့မှလူတွေရှုပ်နေတာကြောင့် သိချင်စိတ်ဖြင့်အမေး...
"ဒီအိမ်ကြီးရဲ့ပိုင်ရှင်က ခြံကြီးကိုရောင်းမလို့ထင်တယ်ကွယ် အဲ့တာခြံအရှေ့ပိုင်းကိုရှင်းထားဖို့လုပ်ခိုင်းထားလို့ တူလေး"
"အာ ဟုတ်"
အလုပ်သမားဦးလေးကြီးတွေက ထိုမျှသာပြောပြီး သစ်ရွက်ကြွေတွေရှင်းနေကြပြီမို့ ထယ်ယောင်းလည်း ဘာမျှဆက်မမေးတော့။ တစ်ဖက်လမ်းမ၏ ခပ်လှမ်းလှမ်းမှာတင်ရပ်နေလိုက်သည်။ စပ်စုတာတော့မဟုတ်ပေမဲ့ ပေါ့ပေါ့ပါးပါးသူ့ခြေလှမ်းတွေက ထိုနေရာကနေဆက်မရွေ့ဖြစ်။ အဲ့တာထက် သူသိချင်တဲ့အဖြေသိလိုက်ရတော့ တစ်မျိုးပင်။
ESTÁS LEYENDO
Tale of the Moonlight 𐤀 [Completed]
TerrorUnicode & Zawgyi "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." Tale of the Moonlight Once upon a time's Jeon (Season 2) "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." This story Including violence scenes...