Part - {57}

1.7K 170 12
                                    

လှစ်ဟနေတဲ့ အင်္ကျီစကြားထဲကနေ လေအေးတွေ ဖြတ်ဝင်လာတယ်။ ဟေးလ်ရဲ့ ကိုယ်ကလည်း အေးပြီးရင်း အေးလာတယ်။ မိုးသင်းနံ့က နံရံအထူကြီးတွေကိုတောင် ဖြတ်ပြီး လှည့်ပတ်နေတယ်။ အရာအားလုံးထက် ဝမ်းဗိုက်ပိုင်းက အအေးစက်ဆုံးဖြစ်လာတော့တယ်။

မိုးစက်မိုးပေါက်ကြီးတွေက ပြတင်းပေါက်ကို လာရိုက်ခတ်ပြီး အချိန်တစ်ခုလောက် တပေါက်ပေါက်နဲ့ မြည်နေတယ်။ ပြတင်းပေါက်ကြားထဲကနေ ဝင်ရောက်လာတဲ့ လေကြောင့် ခန်းဆီးစတွေက အသာအယာ လှုပ်ရှားသွားတယ်။ မိုးရွာနေသံက ပိုပို ပြင်းထန်လာပြီး ကျွန်တော် သေချာနားထောင်ကြည့်လိုက်တော့ သစ်ပင်တွေ မီးတောက်လောင်နေသံ တဖျောက်ဖျောက်နဲ့ ဆင်တူတယ်။ ခန်းဆီးစတွေ လှုပ်ခတ်သွားလို့ မြင်လိုက်ရတဲ့ ကောင်းကင်ကြီးက မီးခိုရောင်ဖြစ်နေခဲ့တယ်။

မိုးသံကြားထဲမှာတောင် မပျောက်ပျက်သွားနိုင်တဲ့ အီဗန့် ပိုင်ဆိုင်လိုစိတ် ပြင်းပြင်းပျပျ စကားတွေက ကျွန်တော့်စိတ်ထဲ ရှိနေတုန်းပဲ။ ဒီလိုပဲ ဆက်ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်တဲ့အတွက် စကားလမ်းကြောင်းလွှဲဖို့ ဘာမှမဟုတ်တဲ့ ရာသီဥတုအကြောင်းတွေကိုပဲ ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ စကားစဖို့အတွက်ဆိုရင် ရာသီဥတုဆိုတဲ့ ခေါင်းစဥ်လောက် ကောင်းတာ မရှိဘူးလေ။

“အင်း အခုက မိုးရာသီလား? ဒီတလော မိုးလေဝသကြေညာတော့ မိုးရွာမဲ့အကြောင်း ပြောတာ မကြားမိပါဘူး။ မိုးတော်တော် များတာပဲ”

“နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်ဆိုရင် မိုးတော်တော် ရွာတတ်တယ်”

“ဟုတ်လား?” ကျွန်တော် ပြန်ပြောလိုက်ပြီးနောက် စိတ်မသက်မသာနဲ့ ထမလို့ ပြင်လိုက်တဲ့အချိန် အီဗန်က အရင်ထသွားတယ်။

“ငါအိပ်မပျော်ဘူး…။ မီးဖွင့်လိုက်လို့ ရလား?”

“အင်း”

လျှပ်စီးလက်တဲ့အချိန် အီဗန့်ကို မြင်လိုက်ရတာက လန့်ဖို့ကောင်းတယ်။ ကံကောင်းလို့ အီဗန်က တံခါးဆီကို လျှောက်သွားပြီး မီးဖွင့်ဖို့ လုပ်နေလို့။ ကြည့်ရတာ အဲ့ဒီ့အိပ်မက်ဆိုးကနေ ရုန်းထွက်လာနိုင်ပြီ ထင်တယ်။ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မစဥ်းစားဘဲ တွေ့ကရာ ပြောလိုက်မိပြန်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now