L B 2

1.9K 82 0
                                    

နန္ဒဘုန်းမြတ် တဲ့...

ကိုယ့်လို နာမည်လေးလုံးနှင့် အနှီကောင်လေးကို သတိထားမိခဲ့သည်မှာ ဘုရားခန်းထဲ၌ပင်ဖြစ်သောကြောင့် ဘုရားပေးသော ဖူးစာလို့ ကျွန်တော် မှတ်ယူထားမိသည်။ ကျောင်းစတက်စဥ် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသည်မှာ ထုံးစံဖြစ်သော်လည်း ပေါင်းသင်းရလွယ်ကူသည့် အထက်တန်းကျောင်းသားအရွယ်လေးများဖြစ်ကြသည်မို့ ဘုရားရှိခိုးချိန်တိုင်း ဘေးမှာလာလာထိုင်တတ်သည့် နန္ဒကို စကားတွေ တခုတ်တရမပြောဖြစ်သေးသည့်တိုင် သူ၏အကြည့်များနှင့်ပင် ရင်းနှီးနေခဲ့သည်။ ပို၍သတိထားမိသည်က မိမိအပါအဝင် ကျောင်းသားအားလုံး ဘုရားစာရွတ်ဆိုနေကြစဥ်မှာ နန္ဒကတော့ ဘုရားရှေ့လက်အုပ်ချီပြီး မိမိကိုသာ စိုက်ကြည့်နေခဲ့သောကြောင့်ပင်။

                 ******

ဘုရားခန်းထဲမှ အစပြုပြီး တစ်စထက်တစ်စ ရင်းနှီးလာသော ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အစတည်းက မရိုးသားခဲ့သည်မှာတော့ သေချာပါသည်။ ဆယ်တန်းကျောင်းသားအရွယ်ရောက်သည်ထိ ရည်းစားသနာလည်း မထားခဲ့ဖူးသော ကျွန်တော်ဟာ နန္ဒအတွက် ပထမဆုံး ယောက်ျားလေးချစ်သူဖြစ်သည်တဲ့လေ။ တကယ်တော့ နန္ဒဟာ straight တစ်ယောက်ဖြစ်ပြီး မြို့ကြီးမှ rich kid တစ်ယောက်ပီပီ ကောင်မလေးများနှင့် အီစီကလီလုပ်လေ့ရှိကြောင်းကိုလည်း သူကိုယ်တိုင်ပြောပြ၍ သိထားပြီးဖြစ်သည်။ မိမိနှင့်ကျမှ ကွေးသွားသည့် နန္ဒကိုကြည့်ပြီး အံ့လည်း အံ့ဩရပါသည်။ ယောက်ျားချင်းဘာကြည့်ကြိုက်သွားတာလဲ မေးကြည့်တော့လည်း အသားဖြူဖြူနှုတ်ခမ်းထူထူ မျက်လုံးမှေးမှေးနှင့် ကျွန်တော်သည် စွပ်ကျယ်အက်ျီနှင့် ဘောင်းဘီတို ဝတ်ထားသည့်အချိန်တိုင်းမှာ သူ့ကို ရင်ခုန်စေခဲ့သည်တဲ့လေ...မိန်းကလေးလည်း မဟုတ်ပါဘဲ လာရင်ခုန်နေသည်ကတော့ သူ၏ မရိုးမသားစိတ်ကြောင့်ပင် ဖြစ်ပါလိမ့်မည်။ ယောက်ျားချင်း မြှူဆွယ်ရကောင်းမှန်းလည်း မသိခဲ့သလို ယောက်ျားချင်းနမ်းမိလျှင် ဘယ်ဘက်ရင်အုံမှ တုန်ခါမှုတွေ မြန်ဆန်လာသည်ဆိုတာကိုတော့ နန္ဒ၏ ပြင်းပြင်းရှရှအနမ်းတွေကြောင့်သာ အတည်ပြုနိူင်ခဲ့တာဖြစ်သည်။

“မင်း ဘာလို့ ဒီလောက် နမ်းတတ်နေရတာလဲ”

တကယ်ပါ၊ ဆယ်တန်းကျောင်းသားလေးတစ်ယောက်အနေနှင့် French Kiss လို အနမ်းမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပေးတတ်နေသည်ဆိုတာဟာ ကျွန်တော့်အတွက်တော့ အထူးအဆန်းပဲမို့ မေးလိုက်မိသည်။

“ဒီလိုပဲ၊ ဇာတ်ကားတွေထဲလည်း မြင်ဖူးနေလို့ ဖြစ်မှာပေါ့။ သေချာတာတော့ မင်းနဲ့မှ ဒီလို နမ်းဖူးတာပဲ”

ဒီလိုပြောလာတော့လည်း ကျွန်တော် ရင်ခုန်ရပြန်သည်။ သူ့စကား မှန်ခြင်း၊ မမှန်ခြင်းထက် လက်ရှိမှာ နန္ဒတစ်ယောက် ကျွန်တော်မှ ကျွန်တော် ဖြစ်နေတာနှင့်ပင် ကျေနပ်ပါပြီ။ ယောက်ျားချင်း ချစ်ကြိုက်မှုကို လက်မခံနိုင်သေးတဲ့ ပတ်ဝန်းကျင်မှာ နန္ဒနှင့် ကျွန်တော် ဘယ်လို ခရီးဆက်ရမှန်း မသိသေးပေမယ့် လက်ရှိမှာတော့ ကျွန်တော်တို့နှစ်ယောက်လုံး အချစ်နွံနစ်နေသည်မှာ အမှန်။

Private School တက်နေကြတာ ဖြစ်သည့်အတွက် အကြောင်းကိစ္စမရှိဘဲ ကျောင်းဝင်း/အဆောင်ဝင်းထဲမှ အပြင်ထွက်ခွင့်မရှိသလို အခြားစည်းကမ်းများ တင်းကြပ်ထားသည့်တိုင် ကျွန်တော်နှင့်နန္ဒကတော့ သူငယ်ချင်းများ/ဆရာများ အလစ်တွင် နှုတ်ခမ်းချင်း ဖလှယ်ခဲ့ကြသည်မှာ မရေမတွက်နိုင်အောင်ပင်ဖြစ်သည်။

Lovely Bhone (one-shot MYANMAR BL)(COMPLETED)Where stories live. Discover now