အပိုင်း(၆၈) ကြိုတင်ပြင်ဆင်ခြင်း

26 2 0
                                    

ရရှိခဲ့တဲ့ဆယ်ရက်ဆိုတဲ့အချိန်အတွင်းမှာ ဇူယွမ်ကသူ့ရဲ့စွမ်းအင်အားလုံးကို အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံး လေ့လာသည့်နေရာတွင်သာ အသုံးချခဲ့သည်။ ဒါ့အပြင် ယောင်ယောင်ဒီတစ်ကြိမ်ရွေးချယ်ခဲ့တဲ့နည်းလမ်းက အနည်းငယ်ပြင်းထန်ရက်စက်သည့်ဘက်သို့ရောက်နေကာ အနည်းငယ်မျှသောအမှားလေးကပင် ပိန်လှီဖျော့တော့နေသည့်ဝေဘင်းကို သေဆုံးသွားစေနိုင်ပေလိမ့်မည်။

ထို့အပြင် ဇူယွမ့်မှာရွေးချယ်စရာမရှိခဲ့သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရန်အတွက်သာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ဆတက်ထမ်းပိုးပြုလုပ်ခဲ့ရပေသည်။ ဒီလိုမှသာသူ့အနေဖြင့် သူ၏သားဖြစ်သူကိုဆုံးရှုံးလိုက်ရသည့်အတွက် ရူးသွပ်သွားသူတစ်ယောက်အလားဖြစ်သွားမည့် ဝေကန်းလန်ရဲ့သတ်ဖြတ်ခြင်းကို ရှောင်ဖယ်နိုင်လိမ့်ပေမည်။

ကံအားလျော်စွာပင် သူ့ရဲ့မူလမှော်စာလုံးရေးသားခြင်းပါရမီက အလွန်ပင်ကောင်းမွန်လှသည့်အပြင် သူ့ရဲ့စိတ်ဝိညာဉ်ကလည်း ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ရောက်ရှိနေခဲ့ရသည်။ ဒါ့ကြောင့်ပင် အဆင့် ၂မူလမှော်စာလုံးအသစ်တစ်ခုကို လေ့လာဖို့ရန်မှာ သူ့အတွက်အရမ်းကြီးပင်ပန်းခက်ခဲသည့်အရာတစ်ခုမဟုတ်ခဲ့ပေ။

ခုနှစ်ရက်ကုန်ဆုံးသွားခဲ့ပြီးနောက်မှာ ဇူယွမ်တစ်ယောက် အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးကို နားလည်သဘောပေါက်သွားခဲ့ရသည်။ ထို့နောက်တွင် သူကစတင်ပြီးလေ့ကျင့်ခဲ့လိုက်သည်။

...

ဗိုလ်ချုပ်ကြီးအိမ်တော် စာကြည့်ခန်းအတွင်း...

ဝေကန်းလန်က ဝေချင်းချင်းကိုမော့ကြည့်လိုက်ပြီး မေးလိုက်၏... "ဒီကုန်လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ မင်းသားလေးဇူယွမ် ဘာတွေလုပ်နေခဲ့လဲ..."

ဝေချင်းချင်းက တစ်ခဏကြာတုံ့ဆိုင်းနေခဲ့ပြီးမှ ပြန်ဖြေလိုက်သည်... "သူက မူလမှော်စာလုံးရေးဆွဲခြင်းကို လေ့ကျင့်နေပါတယ်..."

ဇူယွမ်က ဗိုလ်ချုပ်ကြီးအိမ်တော်မှာပင် နေထိုင်နေသည့်အတွက် သူလုပ်သမျှအရာအားလုံးကို မည်မျှပင်သေးငယ်တဲ့အရာဖြစ်နေစေကာမူ အလွယ်တကူစောင့်ကြည့်စစ်ဆေးနိုင်ပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now