အပိုင်း၉(Zawgyi)

48 2 0
                                    

လွမ်းတစ်ယောက် Companyလုပ်ငန်းဝင်လုပ်တာ တစ်ပတ်ကျော်သွားပြီဖြစ်သည့်ကြောင့်လုပ်ငန်းတွေကိုလည်း အတော်သိနေပြီဖြစ်သည်။အဖွဲဝင်တွေကလည်း သူကိုရင်းနှီးနွေးထွေးစွာဆက်ဆံပေးသည့်အပြင် သူ့မသိတာတွေကလည်း စိတ်ရှည်စွာသင်ပြပေးတတ်လေ၏။

"ဟိန်းလေး ဒါလေး မိတ္တူသွားဆွဲပေးလို့ရမလား"

အမယုသက်က အကူအညီလှမ်းတောင်းသည့်အတွက် လွမ်းလည်း မတုံဆိုင်းဘဲ။

"ပေးလေ အမယု ကျွန်တော်သွားပြီး မိတ္တူဆွဲပေးမယ်လေ ဘယ်နှစ်ရွက်ဆွဲပေးရမလဲ အမယု"

"4 5ရွက်လောက်ဆွဲခဲ့ ဟိန်းလေး"

"ဟုတ်"

လွမ်းလည်း အမယုသက်ရဲ့မိတ္တူကူးရမည့်စာရွက်စာတမ်းတွေကို ယူ၍ မိတ္တူကူးတဲ့နေရာလာခဲ့လေ၏။သူတို့အဖွဲ့ထဲတွင် လွမ်းက အငယ်ဆုံးဖြစ်သည့်ကြောင့် လွမ်းကို ဟိန်းလေးလို့ပဲ အကုန်လုံးကခေါ်ကြသည်။ဌာနတစ်ခုစီတွင် မိတ္တူဆွဲဖို့အတွက် မိတ္တူစက်ထားပေးသောကြောင့် တခြားနေရာတွေသွားစရာမလိုဘဲ ကိုယ့်ဌာနတင်အေးဆေးဆွဲလို့ရအောင် လုပ်ပေးထားတဲ့ ဒယ်ဒီက သူ့ဝန်ထမ်းအတွက် အဆင်ပြေအောင် လုပ်ပေးထားပုံပင်။

"ဘုတ်"

မိတ္တူဆွဲအပြီး လွမ်းတစ်ယောက် ပြန်လှည့်လိုက်တော့ လူတစ်ယောက်နဲ့ဝင်တိုက်မိသွားသည့်အပြင် လွမ်းရဲ့စာရွက်တွေလည်း လွင့်ကုန်လေသည်။

"တောင်းပန်ပါတယ်"

ကိုယ့်အမှားမဟုတ်သော်လည်း လွမ်းတစ်ယောက်တောင်းပန်ပြီးစာရွက်တွေလိုက်ကောက်ပေးတော့ တိုက်မိတဲ့လူကလည်း ဆက်မသွားဘဲ သူ့စာရွက်တွေကို တစ်ရွက်စီလိုက်ကောက်ပေးလေ၏။

"ရော့"

"ဟုတ် ကျေးဇူးတင်ပါတယ်ဗျ"

"ဟင်"

သူ့ရဲ့အမှားဖြင့် ဝင်တိုက်မိသည့်ကြောင့် ကာရံဆက်မသွားဘဲကျသွားတဲ့စာရွက်တွေကို လိုက်ကောက်ပေးပြီး ထိုကောင်လေးကို ပြန်ပေးမိတော့ ကျေးဇူးတင်စရာပြော၍ ခေါင်းမော့လာသည့်ကောင်လေးက သူတွေ့ချင်နေတဲ့ အဖြူလုံးလေး​ဖြစ်သည့်အတွက် ကာရံအံ့သြသွားရတော့သည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Donde viven las historias. Descúbrelo ahora