ငါ့အကြွေး'ငါးရာ'ပြန်ပေး

1.7K 169 5
                                    

𝑈𝑛𝑖𝑐𝑜𝑑𝑒

"ငါ့အကြွေးငါးရာပြန်ပေး"Part.1

ပါဝင်သည့်ဇာတ်ကောင်-ဆောင်းအလင်္ကာ
ထွေးဖြူ။

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💜💜💜-----------------------
ရွာလမ်းအတိုင်းလျှောက်လာတဲ့ခြေထောက်
တစ်စုံကယိုင်တိယိုင်တိုင်နဲ့ပေ၊ဟိုဘက်ချော်
လိုက်ဒီဘက်ချော်လိုက်နဲ့နောက်ဆုံးဟက်ထိုး
လဲလေတော့သည်။

"ဘုတ်!"

"အား!..ဘာလည်းဟ..ငါလာနေတာကို.အေ့!
ဒီကျောက်ခဲမြင်ရဲ့သားနဲ့မဖယ်ဘူး!"

ထိုသူကကျောက်ခဲကိုအပြစ်တင်ပြောဆိုပြီးတာ
နဲ့ပြန်ပြီးကုန်းထကာ‌‌ထွက်သွားလေပြန်သည်၊
ခြေသလုံးဖွေးဖွေးလေးတွေကထမိန်ကို
တိုတိုဝတ်ထားတာမို့အနည်းငယ်ပေါ်နေလေ
သည်၊ခေါင်းပေါ်မှာဆံပင်ရှည်ရဲ့ထိပ်က
ဆံသားများကိုသရေကွင်းအနီနဲ့စီးထားသေး
သည်၊ကျန်တဲ့ဆံပင်များကကျောပေါ်မှာကျ
နေပြီးထိပ်မှာစီးထားတဲ့ဆံပင်လေးများက
ဟိုရမ်းဒီရမ်း။

"ဟေ့!ထွေးဖြူ..စောစောစီးစီးမူးလာပြီလား"

ထွေးဖြူကိုရွာထဲကရွာသားတစ်ဦးကလှမ်းပြီး
နှုတ်ဆက်လေသည်၊ထိုအခါထန်းရည်မူးရင်
ဖော်ရွေလွန်းတဲ့ထွေးဖြူကသွားတွေအကုန်
ပေါ်အောင်သို့မဟုတ်ပါးစပ်ကနားရွက်တက်
ချိတ်တော့မတက်ရယ်ပြကာလက်များလှုပ်
ရမ်းပြီးထိုရွာသားဆီကိုပြေးလေတော့သည်။

"အိုက်ရား..အိုက်ရား!!ဦးဖင်ပေါက်ကြီး!
နေပါအုံးလို့!အေ့"

"ဟာ..ဘာလည်းပြော..ငါရွာဦးကျောင်းသွား
မလို့ပါဆို"

"ဦး..ဖင်ပေါက်ကြီးကလည်းတော်..ကျုပ်က
အေ့..ကျုပ်ကခင်လို့..စတာကို..ဝွန်း!သွား
လူဂျိုး!"

"ဟာ..ဒုက္ခပါပဲထွေးဖြူရာ..မူးနေရင်လည်း
အေးဆေးပြန်တော့နော်..သွားသွား"

ဦးဖင်ပေါက်ကြီးကထွေးဖြူကိုဘေးတွန်းကာ
ထွက်သွားလေသည်၊ကျန်ခဲ့တဲ့ထွေးဖြူ
ကတော့ဦး‌ဖင်ပေါက်ကြီးကိုမေတ္တာတွေပို့ကာ
ယိုင်နဲ့နဲ့ခြေထောက်တွေနဲ့လိုရာခရီးကိုထပ်
သွားလေတော့သည်။

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Donde viven las historias. Descúbrelo ahora