ငါ့အကြွေး'ငါးရာ'ပြန်ပေး

1K 158 1
                                    

Unicode

"ငါ့အကြွေးငါးရာပြန်ပေး"Part.2

ပါဝင်သည့်ဇာတ်ကောင်-ဆောင်းအလင်္ကာ
                                        ထွေးဖြူ။

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)

-----------------------💜💜💜-----------------------
ထွေးဖြူရွာထဲကနေပြန်လာရင်းခွေးချီးတက်
နင်းမိလာတာမို့အိမ်ကိုအမြန်ပြန်ပြီးရေဆေး
ရသည်၊ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်း
ကြောင်းမို့ကိုယ့်ကိုကိုယ်ဒေါသထွက်နေတာ
ပင်၊အခုဟာလည်းအဲ့ခွေးမ..မဆင်မခြင်
အလေးသွားလို့ဖြစ်ရတာ။

"ကျစ်!ရွံစရာကောင်းလိုက်တာ..အော့!"

ရေဆေးပြီးတာနဲ့အိမ်ဘက်ကိုလျှောက်လာ
တော့ခပ်ရေးရေးကြားနေရတဲ့စကားသံများ
ကြောင့်ဘယ်သူလည်းဆိုတာအမြန်သွား
ကြည့်မိလိုက်သည်၊မြင်လိုက်ရတာကသူကြီး
နဲ့ဆောင်းအလင်္ကာပင်၊နေပါအုံး..သူတို့က
အိမ်ကိုဘာလို့အားအားယားယားလာနေကြ
တာလည်း။

"ဟဲ့..သမီးထွေးဖြူ..လာလေကွယ်"

"နေပါအဘရာ..ကျုပ်ရွာထဲပြန်သွားအုံးမလို့"

ထွေးဖြူအဘကိုအော်ပြီးအိမ်ထဲကထွက်လာ
လိုက်သည်၊ထွေးဖြူအဲ့ဒီဆောင်းအလင်္ကာ
ဆိုတဲ့ဟာမကိုမမြင်ချင်ပေ၊ငယ်ငယ်ကလို
မဟုတ်ပဲမြို့ကနေပြန်လာပြီးတည်းကဘယ်လို
အတတ်ကောင်းတွေတတ်ပြီးလူကိုရိသဲ့သဲ့
ကြည့်နေလည်းမသိ၊ပြောင်တာလိုလိုလှောင်
တာလိုလိုနဲ့ထွေးဖြူတော့ကြည့်မရပါဘူး။

"ဟို..သမီး..ထွေးဖြူနောက်ကိုလိုက်သွား
လိုက်အုံးမယ်နော်"

အလင်္ကာလည်းသူမအဖေနဲ့ထွေးဖြူအဖေ
ကိုနှုတ်ဆက်ပြီးကော့တော့်ကော့တော့်နဲ့
ထွက်သွားတဲ့ထွေးဖြူနောက်ကိုအမြန်လိုက်
ရလေသည်၊မြို့ကချောချောလှလှလေးတွေ
ကိုစိတ်မဝင်စားလို့ရည်စားမထားပဲစာကိုပဲ
အာရုံစိုက်ခဲ့တာအခုငယ်ငယ်ထဲကပေါင်းလာ
တဲ့ထွေးဖြူအပေါ်ကိုခံစားချက်တွေမူမမှန်
တော့ပေ၊ထွေးဖြူဆိုတာငယ်ငယ်ထဲက
ပုခုံးဖက်ပြီးပေါင်းမလာပေမဲ့တွေ့နေမြင်နေ
ကျပင်၊မြို့ကပြန်လာမှအလင်္ကာစိတ်တွေ
ပြောင်းလဲလာတာပင်၊

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Dove le storie prendono vita. Scoprilo ora