results

12 0 0
                                    

"နင့်လိုသားမျိုးကိုငါရထားတာနောင်တရတယ်ဟဲ့!! ဘာမှအဖြစ်မရှိတဲ့အကောင် နင့်လိုကောင် Club မှာလုပ်ရမှာ အလုပ်ခံရမယ့်ကောင်!!"

"အမေ!ကိုယ့်သားကိုအဲ့လောက်ထိပြောစရာမလိုဘူးနော် "

"အေး နင့်ကတစ်စိတ်ရှိလည်းဒီစောက်အလုပ် ဒီအလုပ်နဲ့ ငါပြောတယ်လေ!မှေးပြီးလုပ်ပါလို့ နင်ကဒီလောက်လေးတောင်အပင်ပန်းမခံနိုင်ဘူးလား!"

"ကျွန်တော် အမေတို့ပြောတဲ့အတိုင်း အကုန်‌လုပ်ပေးခဲ့တယ် ဒီအလုပ်ကအဆင်မပြေလို့ နောက်ထပ်အလုပ်လျှောက်မလိာ့တိုင်ပင်!ပြန်တော့ အမေကကျွန်တော့်ကိုနားလည်ပေးလို့လား"

"မသာလေး!နင်ကအခု အမေပြန်ခံပြောနေတာလား မြေမျိုမဲ့အကောင် ဘာမှအားကိုးမရဘူး!"

ကျွန်တော်မထင်ထားမိဘူး အမေကနှုတ်ကြမ်းတယ်ဆိုပေမယ့် ကျွန်တော်နားလည်ပေးနိုင်တယ် ကျွန်တော့်ဘက်ကိုကျ ဘယ်သူမှ..အင်း ဘယ်သူမှရှိမနေဘူး ဒီခံစားချက်က နာကျင်လွန်းတယ်

"နင်ကိုငါအခုကစပြီးဘာစောက်လုပ်မှမခိုင်းဘူး Club ပို့မှာနင့်ကိုအပျက်ကောင်လုပ်စားခိုင်းမယ် အပျက်ကောင်ရဲ့!"

"‌မိကြည်!ညည်းတော့်တော့ကိုယ့်သားကိုအဲ့လောက်ထိပြောစရာလို့လား!"

"အဒေါ်ဘာသိလို့လည်း ဒီကောင်က ‌စောက်လုပ်ပဲပါးစပ်ကထိုင်လျှောက်နေတာ ဟိုလူ့!အဖော်စပ်ဒီလူ့အဖော်စပ်နဲ့ !"

"ကျွန်တော်ကအပြင်အကြောင်းမသိဘူးလေ ဒါကြောင့်အဖော်ရှိအောင်စပ်တာပါ!ဒါလေးကိုနားလည်မပေးနိုင်ဘူးလား"

"မင်းလည်းတော်တော့!"

"ကြည့်နော်အဒေါ် အဒေါ်မြေးကကျွန်မကိုကျ ဒီလိုပြန်ခံပြောတယ် အလုပ်မှကျသူ့ကောင်တွေ၊ ကောင်မတွေပြောတာကျပါးစပ်ပိတ်နေတာ!"

"အမေ့ကိုကျွန်တော်ဘာမှ‌မပြောဘူး အမေတော်သင့်ပြီ!"

"ကောင်စုတ် မင်းကမအေကိုကျပြန်ပြောနေတာ !"

ဒီလိုပဲဘဝဆိုတာထင်ထားသလိုမဖြစ်နိုင်ဘူး ကျွန်တော်ရိုင်းမိမယ်မှန်းကိုယ့်ကိုသိတယ် ခံစားချက်တွေမြင့်မားလွန်းလို့ပါ လူဆိုတာ ခဏတာဧည့်သည်တစ်ဦးပါပဲ ကြုံခိုက်တုန်းလာလည်တဲ့သဘောပါပဲ။ ကျွန်တော်ကတော့ ပါးစပ်နှုတ်ကြမ်းတဲ့အမေရဲ့ကျေးဇူးကိုတစ်သက်စာဆပ်မှာပါ ဘာဖြစ်ဖြစ်သူ့ဟာကိုယ့်ကိုမွေးထုတ်ပေးတဲ့အမေပါ။ အဖေကတော့ ငယ်စဉ်ကတည်းကဆုံးသွားပြီ။ မိသားစုဝင်က သုံးယောက်ရှိတယ်။ အမေရယ် ကျွန်တော်ကအကြီးဆုံး အိမ်မှာအငယ်ဆုံးလေးရှိသေးတယ်သူကကျွန်တော့်ညီမလေး မိုင်ချယ်ရီထွေးတဲ့၊ ကျွန်တော်ကတော့ ခွန်းခနောင် အမေနာမည်က ဒေါ်ကြည်လှိုင်ကျွန်တော်တို့ဆင်းရဲတယ် အခုကအမေနဲ့အမြဲဖြစ်နေကျပြဿနာလေးဖြစ်ယုံပါ ကျွန်တော့်တစ်ယောက်ပဲအထီးကျန်ခြင်းဆိုတဲ့ စကားလုံးအစကိုအသက်၁၆မှာကတည်းခံစားနေရပြီ ၊ အခုကအသက်၁၉ရောက်ပြီ မနက်ဖြန်ဆိုပြဿနာတွေမေ့လောက်ပါပြီ။
_________________________________
ဒါလေးကစိတ်ကူးယဉ်မကျတကျပါနော်ရိုင်းစိုင််းတဲ့အသုံးအနှုန်းတွေပါရင်လည်းနာလည်းပေးဖို့ပဲတောင်းဆိုပါရစေ၊ Myanmar BLမလို့ အပြင်မှာတစ်ကယ့်ဖြစ်ပျက်ခဲ့တဲ့ အသုံးအနှုန်းများကိုလည်းအနည်းငယ်ပါဝင်တာကြောင့် နားလည်းမယ်ထင်ပါတယ်၊ ဒါလေးကအဖြစ်အပျက်ရဲ့အစလေးအနေနဲ့ဖတ်စေချင်တာပါ အထီးကျန်ခြင်းရဲ့ရင်ခုန်သံနဲ့အတူစီးမျောရင်း ခွန်းခနောင်ရဲ့ရင်ခုန်သံကိုရှာဖွေရအောင်။

You've reached the end of published parts.

⏰ Last updated: Nov 17, 2022 ⏰

Add this story to your Library to get notified about new parts!

အထီးကျန်ခြင်းရဲ့ရင်ခုန်သံWhere stories live. Discover now