[Unicode]
"မြင်းကမင်းသားဂျွန်ရဲ့မြင်း၊ မင်းအခုခိုးဖို့လုပ်နေတာလား"
အဖြူရောင်အဝတ်နှင့်ထုတ်ထားသည့် ခရမ်းရောင်ဒေစီပန်းစည်းကသူ့လက်ထဲမှာ။ဒါကရှားပါးပန်း။ နန်းတော်ထဲမှာပဲသီးသန့်စိုက်ခွင့်ရှိတဲ့တော်ဝင်ဒေစီပန်းလေ။
"မင်းကပန်းတွေပါပန်းတွေပါခိုးလာတယ်"
"လျှာမရှည်နဲ့"
ထိုမျှပြောကာမြင်းအနားသို့လျှောက်သွားတော့သည်။သူအခုအိုဘင်ကိုခိုးသွားတော့မှာလား။
"အိုဘင်ကဂျွန်ဖီးလစ်ရဲ့မြင်းနော်၊ မင်းယူသွားရင်တောင်သူ့မှာပါတဲ့တံဆိပ်ကြောင့်စစ်ဆေးရေးဂိတ်မှာမိမှာပဲ"
သူအခုသူခိုးရဲ့လက်ကိုဆွဲကိုင်ထားမိတာ။သူ့ကိုဝင့်ပြီးကြည့်လာတဲ့အပြာရောင်မျက်လုံးအိမ်။ချွေးစိုနေတဲ့ သူ့အရှေ့ဆံပင်တွေကြား ထိုအရာကိုလက်ကနဲမြင်တွေ့လိုက်ရသည်။
"ငါ့ကိုအခုစိုးရိမ်နေတာလား"
ထိုစကားသံထွက်လာသည့်နှုတ်ခမ်းပါးအောက်မှာမှဲ့နက်တစ်လုံး။ Oh God..!
သူအခုတစ်စုံတစ်ရာကိုခံစားလိုက်ရသလိုပဲ။ရင်ဘတ်ထဲကအကောင်ကမူမမှန်ဘူး။
"ဘုရားသခင်!...ငါကမင်းကိုစိတ်ပူစရာလား"
သူခိုးရဲ့လက်ကိုသူလွှတ်လိုက်သည်။သူကျိန်ဆိုရဲသည်။သူ့လို လက်နက်မဲ့လူကြီးလူကောင်းတစ်ယောက်က ဂျွန်ဖီးလစ်ရဲ့အိုဘင်ကိုအခိုးမခံစေချင်ရုံ။
"မြင်းပိုင်ရှင်ကငါ"
"ဟမ်း!"
အဖြေစကားကြောင့်ကြောင်အစွာ သူရပ်မိနေစဉ်မှာပဲ မြင်းပေါ်သို့ကျွမ်းကျင်စွာတက်သွားသည့်ထိုလူ။ မြင်းထွက်ရန်ပြင်နေပြီမို့ အနားသို့သွားကာ မြင်းဇက်ကြိုးကိုဆွဲထားရင်း...။
"မင်းကမြင်းပိုင်ရှင်ဆိုရင် ငါကဖီးလစ်ရဲ့ကြင်ယာတော်ပဲ"
"အဟွန်း"
ခပ်ထေ့ထေ့လှောင်ရီသည်။သူအခုဘယ်လိုစကားပြောလိုက်မိတာပါလိမ့်။ WTH!! ခေါင်းပြတ်ချင်နေတာလားဗန်တီ။
