၂၆

513 71 6
                                    

ခီရာသည် လမ်းမကြီးတစ်​ေလျှာက် မဟူပြန်နေကျလမ်းအတိုင်း လိုက်လို့ရှာဖွေသော်လည်း တဖြေးဖြေးအလင်းကွယ်ပျောက်လာသော ပတ်ဝန်းကျင်ဆီမှအအေးဒဏ်မှလွဲ၍ မဟူ့ရဲ့အရိပ်အယောင်ကိုတောင်ရှာမတွေ့ ။ အရင် မဟူနှင့်အတူသွားလာနေကျနေရာများမှာပါရှာသော်လည်း သူရှာနေသောလူသည် ထိုနေရာတွေဆီသို့ခြေဦးလှည့်ခဲ့ဟန်မတူပါ။ နဖူးပေါ်ဝဲကျလာသောဆံစ,တွေကို လက်နဲ့ခပ်ကြမ်းကြမ်းသပ်တင်လိုက်ရင်း ပြေးလွှားလှုပ်ရှားနေရသောကြောင့် မောဟိုက်နေသောခန္ဓာကိုယ်ကို ခဏအနားပေးထားလိုက်သည်။

သို့သော် ဦးနှောက်ကိုတော့ မဟူရှိနိုင်လောက်သည့်နေရာတွေကိုတွက်ဆ,ကာ အလုပ်ဆက်ပေးထားမြဲ ။ အမောပြေသလောက်ရှိတော့ မဟူငှားရမ်းထားသည့်အိမ်ကိုသွားရှာကြည့်သည် ။ အိမ်ရှင်များကနာရေးသွားနေကြပြီး ၊ အိမ်ငှားကလည်း ပြန်ရောက်သေးဟန်မတူ ။ အိမ်လေးကမှောင်မည်းလို့ တိတ်ဆိတ်နေ၏။

တစ်ခြားနေရာတွေပတ်ရှာနေတာထက် မဟူ ဘယ်လိုပဲသူ့ကိုရှောင်နေပါစေ တစ်ချိန်ချိန်မှာတော့ သူ့ပစ္စည်းတွေယူဖို့ ဒီအိမ်လေးကိုပြန်လာရမှာပင် ။ တစ်ညလုံးတော့ အပြင်မှာမနေလောက်ဟု သူတွေးမိ၏။ ထို့ကြောင့် ဒီမှာပဲ သူစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။

သူများအိမ်ထဲလည်း လူမရှိဘဲသူမဝင်ချင်သဖြင့် အိမ်ရှေ့မှာပဲ မဟူပြန်လာတဲ့အထိစောင့်နေလိုက်သည်။ မြို့ပြတစ်ခု၏ ကျုိကျိုကြားကြားအိမ်ငယ်လေးတွေနဲ့ စုဖွဲ့ထားသည့် ရပ်ကွက်ငယ်ကလေးသည် ဥာဥ့်နက်ချိန် ဆိတ်ငြိမ်လွန်းလှ၏။ တစ်ခါတစ်ရံအရှေ့မှဖြတ်ပြေးသွားသည့် လမ်းဘေးခွေးအချို့နှင့် အဝေးမှခွေးဟောင်သံ ၊ အိမ်တစ်အိမ်အိမ်ထံမှ အရက်သမားလင်မယား ရန်ဖြစ်နေသံတို့ကို မသဲမကွဲကြားနေရသည်။

ခီရာက နှစ်ပေါင်းများစွာ မဟူနဲ့အတူနေခဲ့ပေမဲ့ အသောက်အစားကတော့ မဟူ့လောက်သိပ်မရှိပေ ။ အရက်ဆိုတာ ခီရာ့အတွက် မဖြစ်မနေဟူသည့်အခြေအနေတစ်ခုမှာသောက်တာဖြစ်ပြီး ၊ ဆေးလိပ်ဆိုတာကတော့ မဟူ့အတွက် သူ့လက်တွေက အလိုလိုအသုံးတော်ခံပေးတဲ့အရာတွေပင် ။

နိယာမ(Desire)    [ခေတ္တရပ်နား]Hikayelerin yaşadığı yer. Şimdi keşfedin