*mine ending*

543 50 2
                                    

"ရာ မှတ်မိလား
ရာငယ်ငယ်ကဆို ဗီးနပ်ချော့သိပ်မှ ‌အိပ်တာလေ"
"မဖြစ်နိုင်ပါဘူး အိုင်ရင်း
ရာ..မမှတ်မိဘူး"
"ရာညာနေရင် အမြဲရယ်တတ်တာ သိလား"
"မညာပါဘူး တကယ်ပြောတာ
ရာမမှတ်မိ..အင်း ဟုတ်တယ် မှတ်မိတယ်
ဒါပေမယ့် အဲ့တာက အရေးပါလို့လား"
"ပါတာပေါ့ ရာရဲ့
ရာ့ရဲ့ငယ်ဘဝကို လွှမ်းမိုးထားတဲ့လူတယောက်က ရာ့ဘဝတလျှောက်လုံးကို လွှမ်းမိုးနေမှာ
ရာငယ်ငယ်က အရေးပါဆုံးလို့ သတ်မှတ်ထားတဲ့လူတယောက်က ရာ့ဘဝတလျှောက်လုံးမှာ
အရေးပါနေမှာ အဲ့တာက မပြောင်းလဲနိုင်တဲ့အမှန်တရားပဲ"
"ဒါပေမယ့် လူတွေဆိုတာက ပြောင်းလဲတတ်တယ်မဟုတ်လား အိုင်ရင်း"
"လူတွေက ပြောင်းလဲတတ်ပါတယ်
ဒါပေမယ့် ကလေးငယ်တွေက နတ်ဘုရားနဲ့တူတယ် ရာရဲ့ သူတို့ရဲ့နှလုံးသားက ဖြူစင်တယ်
အတွင်းနက်နက်ထိ မြင်နိုင်ကြတယ်
အဲ့ဒီအချိန်မှာ ရွေးချယ်ခဲ့တဲ့လူတွေက မမှားတတ်ဘူး"

ကျမ အိုင်ရင်းကို မယုံနိုင်သလို မော့ကြည့်လိုက်တယ်

"တခုခုပြောင်းလဲနေတယ်မဟုတ်လား"

အိုင်ရင်းက အရာရာသိနားလည်နေသလို အပြုံးတခုနဲ့ ရယ်နေတယ်
ရင့်ကျက်တဲ့ပုံစံဖြစ်နေပေမယ့် ချစ်စရာကောင်းတဲ့သူ့ဟန်ပန်ကတော့ ပေါ်လွင်နေပါသေးတယ်

"မမက တွဲတယ်ဆိုတာကို နားမလည်ပေမယ့်
ကျန်တာတော့ သိပါတယ် ရာရဲ့
ရာ့စိတ်ထဲကမပါပဲ စနောက်နေတာတွေရော
ဗီးနပ်ကိုပဲ တချိန်လုံးချစ်နေတာကိုရော"
"မချစ်ပါဘူး သူ့လောက်မျက်နှာများတာကို
အိုင်ရင်းကို တကယ်ပြောတာ
အတည်တွဲကြမယ်လေ"
"ဘယ်သူနဲ့အတည်တွဲမှာလဲ ရာ
မင်း ကိုယ့်ကို ကြိုးစားခွင့်ပေးမယ်ပြောထားတာလေ"
"အဲ့လိုပဲပြောတာလေ ဘယ်သူက လက်ခံတယ်ပြောသေးလို့လဲ
တကယ်ပါပဲ ဘာလို့ အခုလိုရောက်ရောက်လာတာလဲ ဗီးနပ်"
"ရောက်လာမှာပေါ့ မဟုတ်ရင် ရာ့ကို တခြားလူယူသွားရင် ဘယ့်နှယ့်လုပ်မလဲ"

ဗီးနပ်က အိုင်ရင်းကို လှည့်ကြည့်ရင်း ဖြေတယ်
အိုင်ရင်းကတော့ ကျမတို့နှစ်ယောက်ကိုကြည့်ပြီး ရယ်နေတယ်

"ငါမဟုတ်ဘူးနော်
ငါက ဘယ်သူ့ကိုမှ ရွေးချယ်မှာမဟုတ်ဘူး"

အိုင်ရင်းက အပျိုစင်နတ်ဘုရားမလေ
အဲ့ဒီဂုဏ်ပုဒ်ကို သူ့ဘဝတလျှောက်လုံး ထိန်း သိမ်းသွားမှာ

You've reached the end of published parts.

⏰ Last updated: Nov 17, 2022 ⏰

Add this story to your Library to get notified about new parts!

*mine*(complete)Where stories live. Discover now