"နွယ် ကိုကို့ကို ချစ်တယ်"
နွယ်စကားကြောင့် နက် တစ်ယောက် သိပ်မအံ့သြပေ။ဘာလို့ဆို မကြာခင် ဒီလိုဖွင့်ပြောမယ်ဆိုတာ သိနေသောကြောင့်ပင်။
"ဒီစကားကို နွယ်ဘက်ကအရင်စပြီးပြောလို့ ကိုကို နွယ်ကို အထင်မသေးစေချင်ဘူး နွယ် ချစ်တဲ့အကြောင်းကို ကိုကို့ကို သိထားစေချင်လို့ ပြီးတော့ နွယ်က ဖွင့်မပြောလိုက်ဘဲ ကိုကို အခြားတစ်ယောက်ရသွားရင် ဖွင့်မပြောလိုက်ရတဲ့ နောက်တကို နွယ်မလိုချင်ဘူး အနည်းဆုံးတော့ ကိုကိုအပေါ် နွယ်ဘယ်လိုသဘောထားလဲဆိုတာ သိစေချင်တာ"
"အဲ့ကြောင့် ခုလို နွယ်မွေးနေ့မှာ ကိုကို့ကို ဖွင့်ပြောရတာ ကိုကိုကရော နွယ်ရဲ့အပေါ်ဘယ်လိုသဘောထားလဲဟင်"
နွယ်ဒါလင်းပိုးမေးလိုက်တဲ့အမေးကြောင့် သူ့တို့နေ့လည်စာစားတဲ့ဝိုင်းက ပိုပြီးတိတ်ဆိတ်သွားသလို နက် ရဲ့အဖြေကို စိတ်ဝင်စား၍ နားထောင်နေကြသည်။အဲ့ထဲလွမ်းတစ်ယောက်ကတော့ နက်ရဲ့အဖြေကို မကြားလိုပေ။ဘာကြောင့်ဆို နက်ပြန်ပြောမည့်စကားက လွမ်းအတွက် ခံနိုင်ရည်ရှိမည့်မဟုတ်တာကျိန်းသေ၏။
"ကိုကို ခုမပြောချင်လည်းရပါ..."
"လက်ခံတယ် မင်းရဲ့ဖွင့်ပြောခြင်းကို ငါ့ လက် ခံ တယ်"
မျက်နှာကိုအောက်ချထားတဲ့ တစ်စုံတစ်ယောက်ကို နက် စူးစိုက်စွာကြည့်ရင်း နွယ်ဒါလင်းပိုးရဲ့အမေးကိုပြန်ဖြေလိုက်လေသည်။သူ့ရဲ့လက်ခံတယ်ဆိုတဲ့စကားကြောင့် မော့ကြည့်လာသော မျက်ဝန်းတွေက မင်းအဆင်ပြေရင် ရပြီ ဆိုတဲ့ သဘောတရားတြွေဖင့် နက်ကို ကြည့်နေလေရဲ့။
"ကိုကို တကယ်ပြောတာလား"
"ငါ့ပုံစံက စနောက်နေတဲ့ပုံစံဖြစ်နေလို့လား"
"မဟုတ်ပါဘူး နွယ်မယုံကြည်နိုင်လို့ပါ"
သူ့မရဲ့အချစ်ကို လက်ခံဖို့ မမျှော်မှန်းဘဲ ဖွင့်ပြောခဲ့သော်လည်း ခုကျ ကိုကိုက သူမကို လက်ခံလိုက်သည့်အတွက်ကြောင့် နွယ် ပျော်လို့မဆုံးဖြစ်နေ၏။
"နွယ် ဒါဆိုရင် ငါ့တို့နေ့လည်စာပြန်စားလို့ရပြီလား ဒီနေ့supriseတွေချည်းတိုက်နေကြတာ"
YOU ARE READING
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023