ငါ့အကြွေး'ငါးရာ'ပြန်ပေး

1K 136 2
                                    

Unicode

"ငါ့အကြွေးငါးရာပြန်ပေး"Part.3

ပါဝင်သည့်ဇာတ်ကောင်-ဆောင်းအလင်္ကာ
                                        ထွေးဖြူ။

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)

-----------------------💜💜💜-----------------------
ဈေးပွဲတော်ကမနက်ဖြန်ပင်၊အဝတ်ချုပ်ထား
တာလည်းရပြီမို့ထွေးဖြူအားလုံးအဆင်သင့်
ပေ၊ဈေးပွဲတော်ကျရင်မုန့်ဝယ်စားဖို့ပိုက်ဆံ
ကလည်းလက်ထဲမှာအဆင့်သင့်၊ရွာရဲ့အနီးနား
ကရွာတွေပါလာရောင်းကြသည်၊ရွာကမြို့နဲ့
ဝေးတာကြောင့်မြို့ကလူတွေကလည်း
ဈေးပွဲတော်မှာလာရောက်ရောင်းချကြ
သည်၊မြို့ကအစားအသောက်တွေကိုသိပ်ပြီး
မစားရတဲ့ရွာသူရွာသားတွေကဘယ်လောက်
ဈေးတင်ရောင်းရောင်းဝယ်စားကြသည်၊

"အဘ..ကျုပ်ရွာထဲသွားအုံးမယ်"

"ထန်းတောထဲသွားမလို့မို့လား!"

"အဘကလည်းတော်ခဏပါပဲ..နည်းနည်းပဲ
သောက်ခဲ့မှာ..ကတိပေးတယ်"

အဘကိုပြောပြီးရွာထဲထွက်လာလိုက်သည်၊
ရွာကိုချားရဟတ်တွေနဲ့ပင်လယ်ဓါးမြပါ
လာမယ်ပြောတာပဲ၊ကွင်းပြင်အကျယ်ကြီး
ရှိတာကြောင့်ထိုအရာတွေလုံလုံလောက်
လောက်နေရာချလို့ရသည်၊ရဟတ်စီးရင်
လည်းကောင်လေးချောချောတွေကိုငမ်း
ရအုံးမည်၊လက်လှည့်ဖြစ်တာကြောင့်
ခပ်ချောချောကောင်လေးတွေရဟတ်နဲ့
ပင်လယ်ဓါးမြစီးရန်အပြိုင်အဆိုင်လုပ်ကြ
သည်၊အရင်နှစ်ကလာတုန်းကရွာသူ
တွေပြောကြတာတော့ရဟတ်လှည့်တဲ့
ကောင်လေးတွေစောက်ရမ်းချောတယ်ပြော
တာပဲ၊ဘာပဲဖြစ်ဖြစ်မျက်စိအစာကျွေးတဲ့
‌အနေနဲ့သွားစီးလိုက်အုံးမည်၊ဒါပေမဲ့စီးရတာ
လည်းကြောက်ပါသည်၊အဆင်ငမ်းချင်လို့
သာသွားစီးကမှာရင်တထိတ်ထိတ်နဲ့ပေ။

"ကျစ်..ဘာလို့ကောင်လေးချောချောတွေက
ရဟတ်လှည့်တဲ့နေရာမှာရှိနေရတာလား
စားစရာဆိုဝယ်စားလို့ရတာကို..အချဉ်ပေါင်း
ဆိုရင်တောင်ချီးပန်းတဲ့အထိစားပစ်မှာ
အခုတော့..ရဟတ်မစီးရဲပါဘူးဆို"

ထွေးဖြူကအဲ့ဒါကြီးတွေတစ်ကယ်မစီးရဲပေ၊
အဲ့ဒါကြောင့်အရင်နှစ်ကတောင်ကလေးတွေ
နဲ့အတူပုလင်းပစ်တဲ့နေရာမှာသွားဆော့နေ
တက်တာ။

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Où les histoires vivent. Découvrez maintenant