Part...6

862 48 14
                                    

For Unicode

တီ...တီ...တီ

အပေါ်ထပ်အင်္ကျီထဲရှိ ဖုန်းမှ တုန်ခါသံတွေထွက်ပေါ်လာသည်။တွေးနေစရာမလိုပါ။ဒီအချိန်ဖုန်းဆက်မည့်သူက တစ်ယောက်သာရှိသည်။

"Amber...အိပ်နေပြီလား ကိုယ်နောက်ကျသွားတယ်"

ကွန်ပျူတာ ထဲရောက်လာသည့် ပုံရိပ်များအား စစ်ဆေးရင်း ထယ်ယောင်းဆီသို့ ဂျောင်ကုဖုန်းခေါ်လိုက်သည်။လက်တစ်ဖက်ကဖုန်းကိုင်ထားသော်လည်း ကျန်လက်တစ်ဖက်ကတော့ Laptop screenထက် ရွေ့လျားနေသည်။

"အင်း စောစောအိပ်...အပြင်တွေဘာတွေထွက်သေးလား။အိမ်မှာနေရတာပျင်းရင် လျှောက်လည်လေ"

"ဟော်ဗျာ...မထူးဆန်းပါဘူး ကိုယ်ကဖြင့် စေတနာနဲ့ပြောတာကို"

တရားခံစစ်လာစစ်နေသည့် သူ့ပယင်းငယ်။
အတွေးလွန်တတ်လိုက်တာလည်း နှစ်ယောက်မရှိ။

"အိပ်တော့ နောက်ကျနေပြီ..."

ကျသွားပြီဖြစ်သော ဖုန်းလေးအား စားပွဲပေါ်ချကာ ဂျောင်ကု မပြီးပြတ်သေးသော အလုပ်များကို လက်စသတ်ရတော့သည်။မနက်ဖြန်ပြီးရင် Amberနဲ့ တွေ့ရတော့မှာဆိုတော့ သူအားတင်းထားရမည်။

"အိပ်မက်လှလှမက်ပါစေ Amber..."

...

အလုပ်မှာ အချိန်ကုန်ရမယ်လို့ထင်ထားသော်လည်း ဒီတစ်ခါနဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲမှားလေသည်။

မြေပုံမို့မို့လေးများစီတန်းနေသည့် နေရာ။တစ်နည်းအားဖြင့် ကွယ်လွန်သူများ၏ ရုပါကလာပ်များအား မြှပ်နှံထားရာ နေရာတစ်ခု။

တစ်ခုသော မြေပုံခပ်မို့မို့ရှေ့ရပ်ရင်း မစ္စတာအိုဟာ ကြေကွဲတမ်းတနေခဲ့သည်။
မရေရာသည့် တောင်းပန်စကားအချို့ကို တီးတိုးရေရွတ်ရင်း မျက်ရည်တစ်စက်စက်ကျနေ၏။

သီးသန့်အချိန်ပေးသင့်တယ်ထင်တာကြောင့် ခပ်လှမ်းလှမ်းရှိနေရာတစ်ခုကို ရှောင်ဖယ်ပေးလိုက်သည်။

ဒီနေ့ဟာ ဇူလိုင်လ(၃၁)ရက်။လတစ်လရဲ့ နောက်ဆုံးရက်ဖြစ်သလို Amberမျက်နှာလေးကို မြင်တွေ့ရဖို့ နာရီပိုင်းအလို။ဒီလိုနေရာမှာလာပြီး ပျော်မနေသင့်မှန်းသိပေမယ့် ရင်ထဲမှာတော့ အပျော်ရိပ်လေးသန်းနေသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Tempat cerita menjadi hidup. Temukan sekarang