အပိုင်း၁၄(Unicode)

161 5 0
                                    

"ကိုကို"

Club သွားချင်သေးတဲ့ဆိုသော ဟို၂ကောင်ကြောင့် နက် တို့ အိမ်ပြန်လို့မရဘဲ Bee Club သို့ရောက်လာခဲ့သည်။နက်တို့၎ယောက်ရောက်သွားတဲ့ နည်းနည်းစောနေသည့်ကြောင့် လူတွေလည်း သိပ်မရှိသေးသလို ဖွင့်ပေးထားတဲ့သီချင်းကလည်း Classic ဆန်ဆနိလေးဖြစ်သည့်အတွက် နက် တစ်ယောက်အတွေးတွေများရင် သောက်နေတုန်း ဘေးကနေ သူကိုခေါ်နေသော နွယ်ဒါလင်းပိုး။

"အင်း"

"တအားမသောက်နဲ့နော် ကိုကို "

"အွန်း"

ဘေးကနေ သူ့မပြောလိုက်သော်လည်း အွန်း တစ်လုံးသာ ဖြေပြီး တစ်စုံတစ်ခုကို တွေးကာသောက်နေတဲ့ ကိုကိုပုံစံက အရမ်းတွေမိမိုက်နေသလို နွယ်တို့ဝင်လာကတည်းက Clubထဲက ရောက်နေပြီးဖြစ်တဲ့ မိန်းကလေးတချို့မျက်လုံးတွေက ကိုကိုဆီကိုသာ ရောက်နေလေသည်။

"သူများပဲပြောမနေနဲ့ နွယ် နင်လည်း တအားသောက်မနေနဲ့"

နွယ်ရဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ အကိုခေတ်ကလည်း နွယ်ကို ပြောလာလေ၏။

"နွယ်က သိပ်မသောက်ပါဘူး အကိုခေတ်"

"အင်း"

တဖြည်းဖြည်းညဉ့်နက်လာသည်နှင့်အမျှ Clubထဲ လူတွေစည်ကားလာသလို သီချင်းသံတွေကလည်း မြူးကြွလာလေသည်။

"ငါ့ပြန်တော့မယ်"

အရက်သောက်နေရင် ချက်ချင်းထပြန်တော့မယ် လုပ်တဲ့ နက်ကြောင့် ခေတ်နဲ့ဗညားအံ့သြသွားရ၏။ဘယ်တုန်းက ဒီကောင်တစ်ယောက်တည်းဆို  ခုချိန်ပြန်ဖူးလို့လဲ။

"ကိုကို ပြန်ရင် နွယ်လည်း လိုက်မယ်"

"နက် စောသေးတယ်လေ ပြန်တော့မလို့လား"

"ဟုတ်တယ် ပြန်တော့မယ် နွယ် မင်းလည်းငါ့နဲ့အတူတူပြန်လိုက်မယ်ဆိုရင် သွားမယ်"

နက် ဟို၂ယောက်ပြောပြီး ဘေးကတစ်ယောက်ကိုပါတစ်ခါတည်းပြော၍ Clubအပြင်သို့ထွက်လာခဲ့သည်။

"အကိုဗညားနဲ့အကိုခေတ်လည်း တအားနောက်ကျမနေနဲ့အုံး နွယ်တို့ပြန်တော့မယ်"

နွယ်လည်း အကိုခေတ်နဲ့အကိုဗညားတို့ကို ပြောပြီးနောက် သူ့မကိုမစောင့်ဘဲ အရင်ထွက်သွားတဲ့ ကိုကိုရဲ့အနောက်ကို လိုက်ရတော့၏။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now