"min မနက်စာ စားရအောင်""ဟုတ် လာခဲ့ပါ့မယ်"
ချစ်ရသူအား အခန်းအပြင်ဘက်မှ အသိပေးကာ အောင်ထပ်သို့သာ Taemin ဆင်းခဲ့လိုက်သည်။ခုတလော min ရဲ့ ပုံစံက ထူးဆန်းသလိုခံစားနေရသည်။အရင်တုန်းက
သူအနားကပ်ရင် ဘာမှမဖြစ်တတ်ပေမယ့်
ယခုနောက်ပိုင်းတွင်တော့ သူ့အနားကပ်လိုက်လျှင်ကို နောက်သို့ ဆုတ်သွားတတ်သည်။
ပြီးတော့ အဝေးတစ်နေရာကို မကြာမကြာ ငေးကြည့်နေတတ်သည့် min အမူအရာတွေကြောင့် Taemin အတွေးများရသည်။
သူ့အပေါ် အေးစက်သွားတာက ဘာလို့လဲ?
အတိတ်ကိုများ?Taemin မဖြစ်နိုင်ပါဘူး ဟုတွေးကာ ခေါင်းရမ်းထုတ်ပစ်လိုက်ရင်း မနက်စာ စားဝိုင်းတွင် ထိုင်စောင့်နေလိုက်သည်။"စောင့်ရတာ ကြာသွားလား Taemin ?"
"မကြာပါဘူး ကိုယ်အစက min ကို နှိုးမလို့ပဲ
ဒါမဲ့ မနက်စာ ပြင်ပြီးမှ လာနှိုးလိုက်တာ""ဟို အိမ်အကူတွေက ဘယ်သွားလို့လဲ?"
"ဒီနေ့တစ်ရက် သူတို့က ခွင့်ယူထားတယ် "
"အော် "
Jimin အတွေးတစ်ခုတွေးမိလိုက်ကာ
မနက်စာကို ပြီးအောင်စားလိုက်သည်။"Min ကိုယ်သွားတော့မယ်
ပျင်းရင် ခြံထဲဆင်းချင်ဆင်း၊ဒါမှမဟုတ် ကိုယ့်ဆီ လာရင်လာခဲ့ပေါ့""ဟုတ် "
မနက်စာ စားအပြီး ကုမ္ပဏီသို့ သွားမည့်
Taemin အား အိမ်ရှေ့အထိ ပို့လိုက်ကာ နှုတ်ဆက်လိုက်သည်။အန်ကယ်ကတော့ အရင်သွားနှင့်ပြီဖြစ်ရမည်။"ဟို ဦးလေး အန်တီဘယ်သွားလဲ သိလား?"
ခြံစောင့် ဦးလေးကြီးအားမေးကြည့်မိတော့
"အော် မမကြီးက အပြင်ခနထွက်သွားပါတယ် အကိုလေး jimin "
"အော် ဟုတ် ဟုတ်"
အပေါ်ထပ်သို့ ပြန်တက်လာကာ
အခန်းတွင်း ဗီရို၊အံဆွဲ ထဲ တစ်ခုခုများတွေ့မလား ဆိုသည့် စိတ်နှင့် ရှာနေမိသည်။"သဲငယ် ဘာတွေရှာနေတာလဲ?"
"အော် ဂျွန်
Taemin နဲ့ ပတ်သက်ပြီး တစ်ခုခုများတွေ့မလားလို့ပါ"

YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-