မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတဆင့် အခန်းတွင်းသို့ ခပ်နွေနွေးကျရောက်လို့နေသည် .. မေဝင့်လွှာညီ အိပ်ယာထပ်မှ ခပ်ကွေးကွေးကိုယ်လုံးနှစ်ခုအား ကြည့်ကာ ကြည်ကြည်နူးနူးပြုံးလိုက်မိသည် .. ဒီနေ့ဟာ သူတို့ရဲ့ရုံးပိတ်ရက်ဖြစ်သလို သားလေးရဲ့မူကြိုပိတ်ရက်ဖြစ်တာမို့ အအိပ်မက်သူ သားအမိနှစ်ယောက်မှာ အိမ်မက်ကမ္တာထဲ မျောလို့ကောင်းတုန်းဖြစ်သည် .. စားပွဲပေါ်မှ နာရီအားတချက်ကြည့်လိုက်ပီး သက်ပြင်းအသာချကာ အိပ်ပုတ်များအား နှိုးဖို့ပြင်လိုက်သည် ..
"မိုးသား .. ထတော့လေ နေတောင်မြင့်နေပီ"
ကိုယ်ခန္တာအားအသာပုတ်လို့နှိုးလိုက်တော့ လူးလွန့်လာပေမယ့် မျက်လုံးကတော့ပွင့်မလာ ..
"အင်းး ဟင်းး .. ခဏလေးပဲလွှာ"
ပါးစပ်မှမပွင့်တပွင့်ပြောလာသူက တဖက်သို့လှည့်အိပ်ဖို့ကြံတာမို့ ..
"9နာရီထိုးနေပီမိုးသားရဲ့ .. အရမ်းနေမြင့်တဲ့ထိအိပ်ရင် လူကမလန်းပဲနေမယ် .. နေ့လည်မှ တခါပြန်အိပ်နော် အခုမနက်စာလဲအဆင်သင့်ဖြစ်နေပီ .. မိုးသားမထရင် သားကလဲထမှာမဟုတ်ဘူး"
လေပြေလေးနဲ့ပြောလာတာမို့ အိပ်ချင်မပြေသေးသည့် သူ့မျက်လုံးများကိုအားယူဖွင့်လိုက်ရသည် .. ပီးနောက် ဘေးမှ ကွေးကွေးလေးအိပ်နေသည့် အကောင်ပေါက်ကိုကြည့်လိုက်တော့ အသည်းယားကာ ပါးဖောင်းဖောင်းတွေအား အသာဖျစ်လိုက်သည် ..
"လွှာကလဲကွာ ရုံးပိတ်ရက်လေးကို အိပ်ရေးဝဝအိပ်တာမဟုတ်ဘူး ဘယ်အချိန်ထဲက နိုးနေတာလဲ"
" 7နာရီခွဲထဲကနိုးနေတာ အိပ်ရေးကဝပါတယ်မိုးသားရဲ့ နောက်ကျတဲ့ထိမအိပ်တတ်တာအကျင့်ဖြစ်နေလို့.. မနက်စာလဲပြင်ပီးပီ .. သွား မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက် မိုးသားပီးခါနီးမှ သားကိုနိုးတော့မယ်"
"လွှာက မတရားဘူး လူကိုကျအတင်းတွေထခိုင်းပီး သားကိုကျပီးမှနှိုးမယ်တဲ့"
အိပ်ယာနိုးစ စူပုတ်ပုတ် ပြောလာသူက ဒီအိမ်ရဲ့အိမ်ထောင်ဦးစီး မိုးသားလွင်လွင်လို့မထင်ရအောင် ကလေးဆန်ဆန်ပြောလာတာမို့ သူ့မှာရယ်ရခက် ငိုရခက်ပင် ဖြစ်သွားရသည် .. တမျိုးတဖုံလဲချစ်ဖို့ကောင်းနေတာမို့ အိပ်ယာထက်မှ တမင်စူပုတ်ထားသည့်မျက်နှာ ချောချောအား အနီးသို့အသာဆွဲယူကာ နှဖူးထက်သို့အနမ်းပေးလိုက်တော့ ခုနကသူမဟုတ်သည့်အတိုင်း ပြုံးဖီးသွားတောသည် .. သူသိသည် သူ့အမျိုးသမီးက တခါတလေ အခုလိုသူ့ကိုဂျီကျချင်ယောင်ဆောင်တတ်သည်မို့ ..
YOU ARE READING
She [ သူမ ]