Hotel ခေါင်မိုးထပ်မှာ ချမ်းဆောင်းဟန် စိတ်အပန်းဖြေရန်အတွက် သီးသန့် တည်ဆောက်ထားတဲ့ အခန်း ငယ်လေး တစ်ခု ရှိသည်။
အခန်းငယ်လေးရဲ့ ဘေးပတ်ပတ်လည် အကုန်လုံးက မှန်တွေ နဲ့ ကာထားတာဖြစ်ပြီး ချမ်းဆောင်းဟန် ရဲ့ VIP အခန်း ဖြစ်တဲ့ အောက်ထပ်က အခန်းနဲ့ တစ်ဆက်တည်း ဆောက်ထားသည့် အခန်းလေးလဲ ဖြစ်သလို ဘာအရာမှ အများကြီး မရှိဘဲ ကုတင်လေး တစ်လုံးပဲ ရှိကာ ခေါင်မိုးကို လဲ Remote Control systam နဲ့ တပ်ဆင်ထားပြီး ပြိုင်ကား အမိုးတွေလို ဖွင့်လို့ ပိတ်လို့ ရအောင် ပြုလုပ်ထားသည်။
ကျည်ကာမှန်ကို အသုံးပြုထားပြီး အထဲက ပဲ မြင်ရအောင် ပြင်ဆင်ထားသည့် အတွက် အရေးပေါ်အခြေအနေတွေ အတွက်လဲ အသုံးပြုနိုင်သည်။
ချမ်းဆောင်းဟန် သူ့ရဲ့ ရွှေချောင်းကိစ္စကို ဖြေရှင်းပြီးတာနဲ့ သူ့အခန်းနဲ့ တစ်ဆက်တည်း ဖြစ်တဲ့ ခေါင်မိုးထပ်က အခန်းကို သွားရန် တစ်ယောက်စာ အသေးစားပြုလုပ်ထားတဲ့ ဓာတ်လှေကား ထဲ ဝင်လိုက်၏ ။
ဓာတ်လှေကားထဲ မဝင်ခင် ဆေးလိပ်ဘူးကို ယူသွားဖို့လဲ မမေ့။
ချမ်းဆောင်းဟန် သူ့စိတ်တိုင်းကျ ပြုလုပ်ထားတဲ့ မှန်အပြည့်ကာထားတဲ့ အခန်းထဲကို ဝင်သွားလိုက်ပြီး အနက်ရောင် အပြည့် ခင်းထားတဲ့ ကုတင် နက်ဆွေးဆွေးပေါ်မှာ ဖိနပ်တောင် မချွတ်ဘဲ စိတ်လွတ် လက်လွတ် လှဲချသည်။
ချမ်းဆောင်းဟန် ကုတင်ပေါ်ကို လှဲချလိုက်ပြီးနောက် နေဝင်ချိန်လဲ ဖြစ်နေတာကြောင့် အမိုးကို ဖွင့်ရန် ကုတင်ခေါင်းရင်းမှာ ရှိတဲ့ Remote ကို ယူပြီး On ဆိုတဲ့ ခလုတ်ကလေး ကို နှိပ်လိုက်တဲ့အခါ ခေါင်မိုး တံခါး ဟာ ပွင့်သွားသည်။
ခေါင်မိုးတံခါး ပွင့်သွားတော့ မှ ဘောင်းဘီ အိပ်ကပ် ထဲမှာ ထည့်ထားတဲ့ ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို ယူပြီး ဆေးလိပ်ကို မီးငြှိ၏ ။
ဆေးလိပ်သောက်နေရင်း ရရမဲ့ ရနံ့က သူသောက်နေတဲ့ ဆေးလိပ် Brand ရဲ့ ရနံ့ ဆိုပေမဲ့ သူတကယ်တမ်း ရနေတဲ့ ရနံ့က ထန်ထန့်ဆီက ရခဲ့တဲ့ ရနံ့လေးပင်။
ချမ်းဆောင်းဟန် တစ်ယောက်တည်း ကုတင်ပေါ်မှာ လူးလှိမ့်နေပြီး ထန်ထန့်ရဲ့ အမူအရာတွေကို တွေးရင်း တွေးရင်း အသည်းတယားယားနဲ့ ခေါင်းအုံးကြီးကို ကိုက်ဆွဲနေမိသည်။
ရည်းစားအများကြီးထားခဲ့ဖူးတာမို့ သူ့အနေနဲ့ ထန်ထန်လဲ သူ့အပေါ် စိတ်ဝင်စားမှုရှိတယ်ဆိုတာကို သိသည်။

ŞİMDİ OKUDUĞUN
Min Tha Khin Khat Htan {S-2} {Completed}
Romantizmချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...