အညာနွေကအလွန်ပူသည်မို့သာကွန်းတစ်ယောက် လက်စွဲတော်ချာလီထီးကို ဆောင်းကာပုံမှန်လုပ်နေကျဖြစ်သော ရွာထဲမှာအကြွေးလှည့်ပတ်တောင်းကာ ပြန်လာခဲ့သည်။
"အာလားလား လွှတ်ပူတဲ့နေပါလား မဖြစ်ဘူးငါ့အသားတွေတော့မဲကုန်တော့မယ် အိမ်အမြန်ပြန်မှ"
သာကွန်းလဲအမြန်လျှောက်ကာအိမ်သို့ပြန်လာခင် ခြံရှေ့မှမြင်လိုက်ရသည့်မြင်ကွင်းက အညာနွေပူခြင်းထက်တောင်ပိုပူသောဒေါသတွေအလိပ်လိုက်ထွက်စေသည်။
"ဟျောင့်သွန်းဖြိုး ဆင်းခဲ့တော့ကွ တော်ကြာဦးကပ်စေးကြီးပြန်လာလို့မိနေမှ ဒုက္ခ"
"ဟျောင့် ကတုံး မင်းကြောက်ရင် ပြန်လိုက်တော့ ဒီမှာတွေ့လားမာလက္ကာသီးတွေ အများကြီးဘဲကွအူနီသီးတွေ ဟိုဦးကပ်စေး မဲလုံးကြီးကဒီအချိန်ဆိုအကြွေးသွားတောင်းပြီကွ မင်းငါ့ကိုယုံလိုက်စမ်းပါ ဘာမှမဖြစ်ပါဘူးကွာ"
"အာ့ဆိုလဲမြန်မြန်ခူးကွာ ရတာတစ်ယောက်တစ်ဝက်နော် သွန်းဖြိုး"
"အေ့ပါကွာ မင်းကလဲ"
"ဒါနဲ့သွန်းဖြိုး ငါလေကျောဘက်အေးစိမ့်စိမ့်ကြီးဖြစ်နေသလိုခံစားနေရတယ်ကွ"
သာကွန်းကမာလက္ကာပင်အောက်က ကတုံးရဲ့ပုခုံးကိုလက်နဲ့ပုတ်လိုက်သည်။
"အမလေး.."
ကတုံးအသံပင်မဆုံး လန့်ကာပုဆိုးကိုကွင်းသိုင်းကာပြေးလေတော့သည်။
"ကတုံး ဟိုမှာအလုံးကြီးကြီးဘဲကွ မင်းနဲ့ငါတော့ထောပြီ လွှတ်စားကောင်းမယ့်ပုံဘဲကွ"
ဟင်ဒီကောင်အသံလဲမကြားပါလား။
သွန်းဖြိုး ယောင်နနဖြင့်အောက်ကိုငုံ့ကြည့်လိုက်မိသည်။
အမလေး ဦးမဲလုံးကြီးပါလားငါတော့သေပြီ။ဟိုကတုံးမငါ့တောင်ပြောမသွားပြေးပြီ ပြီးမှတွေ့မယ်သေနာလေး။
"ဟီးဟီး ဦးမဲလုံးကြီး ဘာလုပ်နေတာလဲဟင်"
"ဟျောင့် ဂွတိုမျောက်မသား မင်းငါ့အပင်ပေါ်ကခုချက်ချင်းဆင်းလာစမ်း"
"ဟာ ဘာဂွတိုလဲ သူများကိုများသူ့ကြည့်တော့ အသားကမဲတူးနေတာဘဲ ဦးမဲလုံးကြီး"
YOU ARE READING
ဘုနဲ့ဘောက်(သာကွန်း+ရွှေသွန်းဖြိုး) (Ongoing)(Unicode)
Romance"တစ်ရွာလုံးမှာကြည့်မရဆုံးလူကိုပြောပါဆိုရင်ခင်များကြီးကနံပါတ်တစ်ဘဲ" ရွှေသွန်းဖြိုး။ "မင်းကိုကောလွှတ်ချစ်နေတယ်ထင်နေတာလား မျောက်နဲ့လောက်စပ်မွေးထားတဲ့ မျောက်မသားလေးရဲ့" သာကွန်း။