*no title love part 1*

2.6K 91 0
                                    

"ရာ ငါ့ကို ချစ်လား"
"ချစ်တာပေါ့ နင်က ငါ့သူငယ်ချင်းပဲလေ"
"မဟုတ်ဘူး ငါပြောချင်တာက
ငါ့ကို ချစ်သူတယောက်လိုချစ်လား"
"ဘယ်လိုလုပ်ပြီး..
ငါတို့က မိန်းကလေးချင်းလေ ရီနာ
ပြီးတော့ ငါ့မှာ‌ ကောင်လေးရှိတယ်လေ"
"နင့်ကောင်လေးကို နင်ချစ်လား"
"အဲ့တာကို နင်သိနေသားပဲ"
"ဒါဆို မိန်းကလေးနှစ်ယောက်ချစ်တာက ရွံစရာကောင်းတယ်လို့ နင်ထင်လား"
"ဟမ်..
အဲ့တာက နင့်ရဲ့ဖြစ်တည်မှုလေ ရီနာ
လူတယောက်ရဲ့ဖြစ်တည်မှုက မကောင်းမှုလုပ်နေတာမဟုတ်လို့ ရွံစရာ အမှားတခုရယ်လို့
ငါမတွေးဘူး
နင်က နင့်ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ပြီး လိမ်ညာနေရင်သာ ငါ အပြစ်တင်ချင်တင်မိမှာ
လူတွေမှာ အကြိုက်အမျိုးမျိုးရှိတယ်လေ ရီနာ
တချို့က ဝက်သားကြိုက်တယ် တချို့က အမဲသားကြိုက်တယ်
အကြိုက်မတူတာနဲ့ပဲ အမှားလို့ဘယ်လိုပြောနိုင်မှာလဲ ဒါကြောင့် မိန်းကလေးတယောက်က မိန်းက‌လေးတ‌ယောက်ကိုကြိုက်တာ အမှားတခုမဟုတ်သလို ရွံစရာလို့ ငါမတွေးဘူး ရီနာ
ငါနားမလည်နိုင်တာတခုပဲ ငါ အဲ့တာကို နားမလည်ဘူး"

တကယ်တော့ ကျမက အချစ်ဆိုတာကို နားမလည်ဘူး
တချို့ကပြောကြတယ် လူတယောက်ကို ချစ်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားကြတယ်တဲ့
ရင်ခုန်တိုင်း အချစ်မှမဟုတ်တာ
စိတ်လှုပ်ရှားတဲ့အခါ အကြောင်းအရာအသစ် ထိတွေ့မှုအသစ်ဖြစ်နေတဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားကြတယ်
တပ်မက်မှုမှာလည်း ရင်ခုန်စိတ်လှုပ်ရှားတတ်တာပဲ မဟုတ်လား
တချို့ကတော့ ကိုယ့်ရဲ့ဖူးစာဖက်နဲ့တွေ့ရင် ကမ္ဘာကြီးက ရပ်တန့်သွားသလို နာရီလက်တံတွေက နှေးကွေးကုန်တယ်တဲ့
ဒီကမ္ဘာကြီးမှာ သူနဲ့ကိုယ်သာ ရှိတော့သလိုမျိုး
ကျန်တဲ့အရာတွေက မှေးမှိန်ကုန်တယ်
ကျမ အဲ့လိုမျိုးလည်း မခံစားဖူးဘူး
လူတယောက်ကို တွေ့လိုက်တာနဲ့ ရင်ခုန်စိတ်လှုပ်ရှားပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာတာမျိုးလည်း ကျမမှာ မရှိဖူးဘူး
ငါ သူ့ကို ကြိုက်လိုက်တာဆိုပြီး ဘယ်တုန်းကမှ မခံစားဖူးခဲ့ဘူး
အဲ့တာကြောင့် ကျမက အချစ်နဲ့ဝေးရာမှာ နေလိုက်တယ်
အချစ်ဆိုတာက နားလည်ဖို့ အဲ့လောက်ထိမှ မလိုတာ
ပြီးတော့ အချစ်ဆိုတာက သဘာဝဖြစ်စဉ်တခုလေ
သူ့အလိုလို ပေါက်ဖွားလာပြီး ရုတ်တရက်ဖြစ်ပေါ်လာတတ်တာမဟုတ်လား
အဲ့လိုမျိုး ကျမရင်ထဲမှာ ဖြစ်ပေါ်လာမယ့်အချစ်မျိုးကို စောင့်နေမိတယ်

*no title love*(complete)Where stories live. Discover now