သို့/ရှင်းဂျယ်ယွန်း
ကျွန်တော့်ရဲ့ဖြစ်တည်မှူက ဂျယ်ယွန်းရဲ့ဖြစ်တည်မှူတစ်ခုပါပဲ။
ချစ်ခြင်းမေတ္တာဘယ်ကစသလဲလို့မေးရင် ဂျယ်ယွန်းနဲ့စတယ်လို့ကျွန်တော်ဖြေမယ်။ဂျယ်ယွန်းရဲ့အလှတရားတွေကိုငေးမောကြည့်ရင်း တစ်နေ့တာကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်တယ်။
ဂျယ်ယွန်းက Four Leaf clover လေးနဲ့ဆင်တူတယ်။
ကျွန်တော့်ဘဝရဲ့ ကံကောင်းခြင်းတစ်စုံတစ်ရာကိုယူဆောင်လာပေးတဲ့သူက ရှင်းဂျယ်ယွန်းတစ်ယောက်သာပဲ။ကျွန်တော့်ဘဝရဲ့အရာအားလုံး ကျွန်တော့်ရဲ့အချစ်တွေကိုရော ချစ်ရတဲ့ယွန်းကို အပိုင်ပေးပါတယ်။
ချစ်ရတဲ့ဂျယ်ယွန်းကလဲ ပတ်ဆောင်းဟွန်းတစ်ယောက်တည်းရဲ့အပိုင်ပါပဲ။"ချစ်တယ် ယွန်း!
ကျွန်တော် ယွန်းကိုအများကြီးချစ်တယ်"_______________My AERA______________
ကော်ဖီဆိုင်လေးထဲကနေ ထွက်လာတဲ့ကောင်လေး ကိုကြည့်ရင်း
"နောက်ဆုံးတော့ကျွန်တော်မင်းကိုရှာတွေ့ခဲ့ပြီပဲ
ဂျယ်ယွန်း""ကျွန်တော့် အပိုင်ဖြစ်လာရင် သိပ်ကိုကောင်းမှာပဲ"
"ကျွန်တော် ဘယ်အချိန်ကတည်းကမင်းကိုသဘောကျလိုက်ရသလဲ"
တစ်ယောက်တည်းရေရွတ်နေစဉ် ဂျယ်ယွန်းကသူ့အရှေ့ကနေဖြတ်လျှောက်သွားလိုက်သည်။
ဆောင်းဟွန်းကို သူသတိမထားမိချေ။"ဂျယ်ယွန်းက ကျွန်တော့် ကိုမမှတ်မိဘူးပဲ"
"ဒီတစ်ကြိမ်တော့ ကျွန်တော်ကအလွတ်ပေးလိုက်မှာမလို့ နောက်တစ်ကြိမ်ဆိုရင် ကျွန်တော်က ဂျယ်ယွန်းကိုအလွတ်မပေးပဲ အပိုင်သိမ်းထားမှာမလို့ စောင့်နေပေးပါ"
ဆောင်းဟွန်းကပြုံးလိုက်ရင်း ကားပေါ်တက်ကာတစ်နေရာရာသို့ဦးတည်ပြီးသွားလိုက်သည်။
ခြံဝန်းထဲတွင် သစ်ပင်အစိမ်းရောင်များနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခု လမ်းတစ်လျှောက်ပန်းပင်များစွာနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခု မြက်ခင်းစိမ်းပေါ်မှာ ပြေးလွှာဆော့ကစားနေတဲ့ ခွေးလေးတစ်ကောင်နဲ့အတူတူ ပန်းခြံရဲ့ထိုင်ခုံမှာထိုင်ကာ စာအုပ်ဖတ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ ဆောင်းဟွန်းကားဝင်လာတာကိုမြင်တာနဲ့ စာအုပ်ကိုပိတ်ကာ ကြည့်နေသည်။
YOU ARE READING
𝑀𝑌 𝐴𝐸𝑅𝐴 [One Short]
Fanfictionနေကြာပန်းခင်းကြီးက နေထွက်ရာဘက်ကိုမျက်နှာမူသလို ပတ်ဆောင်းဟွန်းဆိုသူကလဲ ရှင်းဂျယ်ယွန်း ရှိနေသည့်နေရာဘက်ကိုပဲ မျက်နှာမူ၍ ရှင်သန်နေပါလိမ့်မည်။