ပြာလဲ့နေသော ကောင်းကင်ထက်သို့ dandelion ပန်းလေးကိုမှုတ်ထုတ်လိုက်သည်။ ပန်းပွင့်ငယ်တွေလေနဲ့အတူပါသွားရင်း လေထဲကနေတဆင့် မင်းဆီရောက်သွားပါစေ ဆုတောင်းရင်းပေါ့။ ပွင့်ဖတ်လေးေတွ လေယူရာယိမ်းနေရင်း လေပြင်းတစ်ချက်တိုက်တော့ အဝေးကိုလွင့်ထွက်သွားတာကြည့်ရင်း ပြုံးလိုက်မိတယ်။ တကယ်ပါ ငါမင်းကိုလွမ်းတယ် သတိရတယ် ပြီးတော့ ငါအမြဲ ပြောချင်ခဲ့သလို မပြောဖြစ်ခဲ့သလို ငါမင်းကို………
ခုထိဘာမှမပြောင်းလဲတာကတော့ နေမင်းကြီးနဲ့ ငါ့ရင်ထဲကမင်းပဲရှိတော့မယ် ထင်ပါရဲ့ အချိန်တွေလဲပြောင်းလဲခဲ့ပေါ့။ နေရာတွေလဲပြောင်းလဲခဲ့ပြီ အမှတ်တမဲ့ကြားက မင်းပေးခဲ့တဲ့အမှတ်တရတွေကိုလဲ ငါစွဲလမ်းနေဆဲပါပဲ။ သတိရတယ်။ဟုတ်ကဲ့ကျမပြန်လာပါပြီ။ အကြာကြီးပစ်ထားမိတဲ့အတွက်တောင်းပန်ပါတယ် ဖုန်းလုခံရလို့ပါ အဲ့တာအတွက်စိတ်ညစ်နေရတဲ့ကြား စာတွေလုပ်ရတော့ လူကမထူမထောင်နိုင်ဖြစ်နေလို့ပါ အခုတော့ ပြန်အဆင်ပြေသွားပြီမို့ only ကို note ချရေးထားတာလေးတွေပြန်တင်ပေးပါ့မယ်နော် ပြန်ပြီးအားပေးကြပါဦး 🤗
#Moon
YOU ARE READING
The closest strangers
Fanfictionသူနဲ့ကျွန်တော်က နီးစပ်ခွင့်မရှိတဲ့ အရမ်းရင်းနှီးကြတဲ့သူတွေပေါ့ ကျွန်တော်တို့အခြေအနေလေးကအနီးစပ်ဆုံးဖော်ပြရရင် အရင်းနှီးဆုံးသူစိမ်းတွေပါပဲ 😇