အပိုင်းတစ်ဆယ့်ခုနှစ်

2.5K 188 14
                                    

Rain၏ကိုယ်ပေါ်ကနေသည်းကြီးမည်းကြီးထိုးနေတဲ့ဆရာjeon..
တော်သေးတာပေါ့ သူလိုက်လာလို့။မဟုတ်ရင် ဒီကောင်လေးအန္တရာယ်များရမှာ။
ခြေလှမ်းတွေပျက်နေတဲ့ကောင်လေးကို သူ အမြဲတိတ်တဆိတ်လိုက်ကြည့်နေခဲ့တာကောင်းသွားတယ်လို့ပြောရမလား။

ဒီညလည်းpartyတခုကိုသွားမယ်လို့သိထားလို့ ကောင်လေးထွက်လာတာနဲ့သူလည်းတ်ိတ်တဆိတ်လိုက်လာခဲ့သည်။အချိန်တခုကြာသည်အထိ ကောင်လေးကပြန်မထွက်တာကြောင့်jeonလည်း ခြံထဲကိုဝင်လာခဲ့သည်။

Bd partyလို့သာပြောတာမွေးနေ့ရှင်ကိုလည်းမတွေ့သလို သူဝင်လာတာကိုလည်းဘယ်သူကမှအရေးတယူမလုပ်ကြဘူး။ထို့နောက် လူအုပ်ကြားထဲကနေ ကောင်လေးကိုရှာလိုက်တော့ Rainဆိုတဲ့ကောင်လေးနဲ့ အိမ်ထဲကိုဝင်သွားတာ သူ လျှပ်တပြတ်တွေ့လိုက်တယ်။
ဒါနဲ့ဘဲ သူလည်းလိုက်ဝင်လာခဲ့တာ။ဒါပေမယ့် အိမ်ကြီးကကြီးတာကြောင့် သူတို့ဘယ်ကိုဝင်သွားလဲဆိုတာရှာရခက်နေပြန်တယ်။

အောက်ထပ်မှာတော့ သောက်စားပျော်ပါးတဲ့သူတွေအပြည့်ဘဲ။
အပေါ်ထပ်မှာများလားဆိုတဲ့အတွေးနဲ့တက်လာချိန်မှာတော့ အံကိုက်ဆိုသလို ကောင်လေးကအခန်းတခန်းထဲကနေရုန်းကန်ရင်းထွက်လာခဲ့သည်။သူပြောပါတယ် Rainဆိုတဲ့ကောင်လေးက လူကောင်းလေးဖြစ်ဟန်မတူပါဘူးဆိုတာကို

*လူကြီး.*

ရီဝေနေတဲ့ ဦးခေါင်းကြောင့် jiminမျက်လုံးထဲ လူကြီး၏ ပုံရိပ်တွေကဝိုးတဝါး ။
ဒါပေမယ့် ကိုယ်သင်းရနံ့နဲ့ အရိပ်လေးက လူကြီးဘဲဆိုတာ သူတက်အပ်သိတယ်။
ဒါပေမယ့်လည်း Rainကိုအဆက်မပြတ်ထိုးနေတာကြောင့် partyထဲကလူတွေကလည်းရောက်လာကြပြီး ဆွဲကူကြတော့သည်။

*မင်း..နောက်ဆို ဒီထက်ပိုဆိုးမယ်.*

မျက်နှာတခုလုံးသွေးသံတရဲရဲဖြစ်နေတဲ့ Rainကိုလက်ညိုးထိုးရင်း လူကြီးကကြိမ်းလိုက်သေးသည် ။
လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့တီးတိုးပြောနေကြတာကြောင့် လူကြီးရဲ့လက်ကိုဆွဲကာ ထွက်လာခဲ့သည်

*လူကြီးက ဘယ်လိုလုပ်ပြီ/.*

*စကားမများနဲ့ ကားပေါ်တက်!*

Can take My Heart(Completed)Hikayelerin yaşadığı yer. Şimdi keşfedin