on the quiet

1K 86 14
                                    

နေ့လယ် 2နာရီလောက်မှာ ဝင်လာတဲ့ message ကြောင့် ဆရာမကိုခွင့်တိုင်ကာ စာသင်ခန်းထဲကအပြေးအလွှားထွက်လာခဲ့လိုက်သည်။ သွားရမယ့်နေရာက ကျောင်းနောက်ကွင်းဖြစ်တာမို့ တွေ့ရာစက်ဘီးကိုတက်စီးကာ နေပူကျဲတဲထဲအမြန်သွားရပြန်သည်။

နောက်ကွင်းကိုရောက်တော့ စက်ဘီးထောက်ပင်မထောက်နိုင်ပဲ ပြစ်ချကာ ကွင်းနောက်နားမှာ ထီးထီးကြီးရှိတဲ့ ချယ်ရီပင်အောင်ပြေးရပြန်သည်။ တစ်စုံတစ်ယောက်နဲ့ပက်သတ်ရင် သူ့မှာအဲ့လို ဂယက်ထရသည်။ 

ချယ်ရီပင်အောက်က ခုံတန်းရှည်ပေါ်မှာထိုင်နေတဲ့လူကိုတွေ့မှ စိတ်အေးရသည်။ ဆေးလိပ်တွေသောက်နေမယ်ထင်တာ။ မျက်နှာကိုမော့ကာ ချယ်ရီပင်ထက်က ကောင်းကင်ကြီးကိုကြည့်နေတဲ့သူချစ်ရတဲ့လူ။စာထဲမှာ စိတ်ညစ်နေတယ်လို့မပြောရင် သိမှာမဟုတ်ဘူး။  ကောင်းကင်ကိုမော့ကြည့်နေတဲ့ မျက်နှာအမူအရာမှာ ဘာမှမတွေ့ရ။ ဤမျှလောက်ထိ ဟန်ဆောင်ကောင်းတဲ့ချစ်ရသူ။

ဘေးနားကိုကပ်ထိုင်တော့ ဘာစကားမှမပြောပဲ ပေါင်ပေါ်အသာလာလှဲသည်။ သူနဲ့စတွဲထဲက ဖြတ်လိုက်တဲ့ဆေးလိပ်တွေကြောင့် နှုတ်ခမ်းပါးဟာအရင်ကလို ခရမ်းရောင်ခပ်ပြေးပြေးသန်းမနေတော့ပဲ ရဲတဲတဲ။ ဆေးလိပ်သောက်တာ မကြိုက်ဘူးလို့ပြောခဲ့တုန်းကလဲ အသာတကြည်ပင်ဖြတ်ပေးကာ ကွယ်ရာမှာကောသူ့ရှေ့မှာကောထပ်မသောက်ပေ။ သို့ပေမယ့် ချစ်ရသူရဲ့အကျင့်ဆိုးလေးကဖျောက်ဖို့ခက်ပါသည်။ စိတ်ညစ်နေတဲ့အခါ အနားမှာဘယ်သူမှမရှိရင် စိတ်ဖြေရာအဖြစ်ပြန်ပြန်သောက်တတ်တာမို့ သူ့မှာရင်မောရ။ ဒါကြောင့် ချစ်ရသူစိတ်ညစ်တဲ့အချိန်တိုင်း ဘယ်နေရာရောက်ရောက် ဝရုန်းသုန်းကားထပြေးလာတာပင်။ ဆေးလိပ်သောက်တာကို စိတ်ဆိုးလို့မဟုတ်ပဲ ချစ်ရသူကိုအထိအခိုက်အပွန်းအပဲ့ မရှိစေချင်ရုံပါ။

"အိပ်သွားပြီလား "

"နေထိုးလို့ "

နေထိုးတာကြောင့်အိပ်မရတဲ့ မအီမသာရုပ်လေးကိုကြည့်ကာ သူရဲ့ဘယ်ဘက်ရင်အုံက ယားကျိကျိ။ မျက်နှာပေါ် လက်ကလေးအုပ်မိုးပေးကာမှ မျက်နှာထားကအရင်လိုပြန်ဖြစ်ကာ အိပ်ဖို့ကြံသည်။ ပေါင်ပေါ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူကိုကြည့်ကာ သူလည်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပြန်ပါသည်။ မျက်နှာပေါ်အုပ်မိုးပေးထားရတဲ့ လက်ကညောင်းလာပေမယ့်လည်း ဖယ်ဖို့မပြင်မိ။ အိမ်တွင်းရေးတွေကြောင့် စိတ်ရှုပ်နေရသူသည် ကောင်းကောင်းအိပ်စက်ရမှာမဟုတ်တာကြောင့် ခနတာပဲဖြစ်ဖြစ် အပူပင်ကင်းကင်းအိပ်စက်စေချင်တာ သူ့အတ္တ။

Safe area [Short Stories-]Where stories live. Discover now