အခန်း (၂၆)
အခန်းထဲမှာ ဖြစ်ခဲ့တဲ့မကျေလည်မှု့က ဓာတ်ပုံရိုက်တဲ့အချိန်မှာ အဆင်မပြေစရာတွေဖြစ်ရရလေသည်။ နှစ်ယောက်က အချစ်ကားရိုက်မှာနှင့်မတူပဲ ရန်သူတွေလိုဖြစ်နေလေသည်။ ဓာတ်ပုံဆရာလဲ ရိုက်နေရင်းစိတ်ရှုပ်လာကာ ကြံရာမရတဲ့အဆုံးမှာတော့ လူခွဲရိုက်ဖို့ဆုံးဖြတ်လိုက်လေသည်။
နှစ်ယောက်တွဲအနေအထားကိုတစ်ယောက်ခြင်းဆီရိုက်ရမှာဖြစ်သည်။
"မိုင်း အချစ်တွေနဲ့ပြည့်နေတဲ့ကောင်လေးတစ်ယောက်လိုမျိုးလေး"
ဓာတ်ပုံဆရာက ပြောတော့ ဦးသစ်က အိုကေဆိုပြီးလက်ထောင်ပြကာ ခေါင်းခန ငုံ့လိုက်လေသည်။ပြန်မော့လာတဲ့အချိန်မှာတော့ သူတောင်အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်လွန်းတဲ့ဦးသစ်ပုံစံကိုတွေ့လိုက်ရပါသည်။ဆန်းဖုန်းကိုထုတ်က ထိုပုံကိုရိုက်ယူလိုက်သည်။တစ်ယောက်ခြင်းရိုက်တော့မှ လိုချင်တဲ့အနေအထားနဲ့ ပုံတွေရလေသည်။ တစ်နာရီလောက်ကြာတော့ ဦးသစ်ပုံတွေရိုက်လို့ပြီးလေသည်။ရိုက်ပြီးသားပုံတွေ ဦးသစ်ပြန်ကြည့်နေတုန်းဆန်းအနားကို မသွန်းရောက်လာလေသည်။
"နေမခ"
"သြော် အမ ဟုတ်ကဲ့"
ဆန်းလှည့်ကြည့်ကာ ထူးလိုက်ပါသည်။
"အမ တောင်းပန်ချင်လို့ပါ အမ မဆင်ချင်ပဲလုပ်လိုက်မိတာတွေအတွက်"
"ရပါတယ်အမ ဖြစ်ပြီးသားတွေပဲလေ အမလဲ ပြန်ရှင်းပေးပြီပြီပဲကို"
"ဒါပေမယ် အမ ထပ်တောင်းပန်ချင်တာပါ အခုတော့အမ အရာအားလုံးကိုနားလည်ပါပြီ ။ အမ အတ္တကြီးမိတာပါ သစ်က အယ် "
ပြောနေရင်း စကားရပ်သွားတာမို့
"ရပါတယ်အမ ခေါ်နေကျအတိုင်းခေါ်ပါ"
"အင်း သူက မင်းကိုတော့အတော်ချစ်ပုံရပါတယ် မင်းနဲ့အတူရှိနေရင်ပျော်နေတာကိုတွေ့ရတယ်လေ"
ဆန်း မျက်နှာပူစွာ ခေါင်းငုံ့ချလိုက်မိပါသည်။
"မင်းတို့ ပျော်ရွှင်ပါစေလို့ အမ ဆုတောင်းပေးနေပါမယ်"
ESTÁS LEYENDO
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...