For Unicode
"Amber ခဏနော် ကိုယ့်ဆရာဖုန်းဆက်လို့"
တစ်ဖန်ပြန်ကာ ဒုတိယပွဲစဉ် စတင်ချိန် ဂျောင်ကုက သူ့ဆရာဖုန်းခေါ်သည်ဟုဆိုကာ အဝေးတစ်နေရာမှ ဖုန်းသွားပြောနေသည်။ထယ်ယောင်း ဂျောင်ကုကို လှည့်ကြည့်လှည့်ကြည့်လုပ်မိသော်လည်း ဘာမှတော့ မပြောဖြစ်ပါ။
"အာ ဟိုဆော့ ညီလေးတောင် ဝင်ကန်ပြီပဲ...အဲ့ကလေးက ငယ်ရုပ်မပျောက်သေးဘူး"
ဂျောင်ဟိုဝန်းဆိုတဲ့ နာမည်နဲ့ ကျောမံပါတ်လေးက ၂၄တဲ့။ထိုကလေးက ငယ်ငယ်တုန်းကနဲ့စာရင်တော့ ခပ်ထွားထွား။သို့သော် အသက်ကွာခြားမှူကြောင့်လားမသိ ထယ်ယောင်းတို့နဲ့ယှဉ်ရင် အရပ်က နားရွက်သာသာသာ ရှိသေးသည်။
"ဟော်ဗျာ...ဟော်ဗျာ အဲ့ကလေး လူလုပ်ချင်နေတာလား"
လူလေးနဲ့မလိုက် ဟိုတိုးဒီဝှေ့လုပ်နေတဲ့ အဆိုးအဆာလေး။ဘယ်အချိန်အဝါကဒ်ထိမယ်မသိ။
ဂျောင်ကုကိုလှည့်ကြည့်ပြန်တော့လည်း ဖုန်းပြောလို့ကမပြီးနိုင်။ဆိုးလ်ရောက်တာ တစ်ရက်မပြည့်သေးတာတောင် သူ့အလုပ်တွေက မပြီးနိုင်မဆုံးနိုင်နဲ့ တိုးလိုးတန်းလန်းပါနေတုန်းလား။
ရွှီ...ရွှီ
ဝီစီမှုတ်သံ ခပ်ကျယ်ကျယ်ကြောင့် ထယ်ယောင်း ကွင်းထဲကို လှည့်ကြည်မိလိုက်တော့ လူတွေစုစုဝေးဝေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဒိုင်ရောက်လာလို့ အနည်းငယ်ရှဲသွားကြသည့် လူများအကြား ငုတ်တုတ်ထိုင်ရင်း နှာခေါင်းမှ အဆက်မပြတ်ကျနေသည့် သေွးစတွေကို သုတ်ယူနေသူက ခုနက လူညစ်ကလေး။ထယ်ယောင်းမျက်လုံးပင် ပြူးသွားရသည်။ဒါ ဟိုဆော့ညီမှ ဟိုဆော့ညီအစစ်။
ဘာဖြစ်သွားလဲဆိုတာ ထယ်ယောင်းမသိလိုက်ပေမယ့် ထိုနေရာကို အပြေးသွားမိသည်။
"ဘယ်လိုဖြစ်တာလဲ ဆရာလီ...သွေးတွေက တရဆက်ထွက်နေတယ်"
လက်ကိုင်ပဝါတစ်ထည်ပေးပြီး ထိုကောင်လေးနှာခေါင်းကို အုပ်စေရင်း ဒိုင်နဲ့စကားပြောနေလိုက်သည်။တိတ်မသွားတဲ့ သွေးစတွေ။မထူးတော့တာကြောင့် ကျောင်းဆေးခန်းကို ခေါ်သွားဖို့ လုပ်လိုက်သည်။
DU LIEST GERADE
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fanfictionသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023