အပိုင်း ၆၆

3.2K 387 0
                                    

Unicode

  
သူမ၏ ငိုသံက အနက်ရောင်သံမဏိအကာအကွယ်အလွှာအောက်မှာ လဲနေသည့် နတ်ဆိုးတစ်ကောင်ကို ဆွဲဆောင်မိသွားသည်။ ၎င်းက သူမအနားသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ချောင်းမြောင်းလာကာ ရုတ်တရက် လျှာရှည်ကြီးကို ဆန့်ထုတ်ရင်း သူမ၏ ခြေချင်းဝတ်ထံ လှမ်းရစ်ပတ်လိုက်တော့သည်။
  
"အားးးးးးးးးးးး!"

မုန့်ဝူယုံးက ငယ်သံပါအောင် အော်လိုက်လေ၏။
  
လျှာကြီးပေါ်က ဆူးချွန်တွေက အရေပြားထဲ ထိုးဖောက်သွားကာ အနီးနားက စစ်သည်တော်တစ်ယောက်က အမြန်နောက်လှည့်ကာ နတ်ဆိုးမိစ္ဆာ၏ လျှာကြီးကို ပိုင်းချလိုက်သည်။

ကံဆိုးစွာပင် သူ့အနောက်၌ လျှာအရှည်ကြီးကို ဆန့်ထုတ်လိုက်သော နောက်နတ်ဆိုးတစ်ကောင်ရှိနေကာ စစ်သည်တော်၏ လည်ပင်းကို ရစ်ပတ်လိုက်လေတော့သည်။
  
လျှာက ဆူးချွန်များက လည်ပင်း၏ သွေးကြောမကြီးနှင့် လေပြွန်လမ်းကြောင်းကို ဖောက်ဝင်သွား၏။ စစ်သည်တော်၏ မျက်လုံးများမှာ ပြူးကျယ်လျက် ပါးစပ်များက မယုံနိုင်ဟန်ဖြင့် ပွင့်ဟနေကာ ပါးစပ်ကနေ သွေးများစီးကျလာလေသည်။
  
နတ်ဆိုး၏ လျှာမှာ ပြန်ရုတ်သွားကာစစ်သည်တော်သည်လည်း လဲကျသွားတော့သည်။
  
မုန့်ဝူယုံးမှာ ခဏမှ ကြောင်အမ်းနေပြီးမှ အကြောဆွဲနေဆဲ စစ်သည်တော်၏ ခန္ဓာကိုယ်အနားသို့ပြေးသွားကာ မရပ်မနား လှုပ်ယမ်းလိုက်လေသည်။
  
"မသေနဲ့။ မသေပါနဲ့! ငါတောင်းပန်ပါတယ်! ကျေးဇူးပြုပြီး သူ့ကိုတစ်ယောက်ယောက် လာကယ်ကြပါဦး! ကယ်ပေးကြပါ!"
  
သူမမှာ သွေးထွက်နေသော သူမခြေကျင်းဝတ်ကိုတောင် ဂရုမစိုက်နိုင်ပေ။
  
စန်းယွမ်ယွမ်မှာ ထိုမြင်ကွင်းကို သဘာဝကျကျပင် သတိထားမိသွားသည်။
  
သူမက မုန့်ဝူယုံးနှင့် နောက်ထပ်ဝေးဝေးနေရာကို သွားလိုက်၏။
  
ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းခံရသော အနှီသမီးမျိုးမှာ တခြားလူများအတွက်တော့ ကြီးမားလှသော ဘေးဒုက္ခကပ်ဆိုးကြီးပင်ဖြစ်သည်။ သူမနှင့် ရင်းနှီးကျွမ်းဝင်လျှင် သူမကြောင့်ပဲ ဆွဲချခံရလိမ့်မည်ပင် ဖြစ်၏။ ဒါဖြင့် သူမကို သတ်လိုလျှင်ရော....ပိုပြီးတောင် ဆိုးရွားသွားပါပေလိမ့်ဦးမည်။သမိုင်းထဲရှိ မရေမတွက်နိုင်သော အမြောက်စာတို့၏ ကြမ္မာကိုကြည့်ခြင်းအားဖြင့် မည်သူမဆို သိနိုင်ပါပေမည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now