for my princess

5 1 0
                                    

တန်ဖိုးရှိတဲ့ ရက်တွေပါပဲ
ပစ္စုပ္ပန်ရဲ့ လက်ဖဝါးထဲက
မင်းနာမည်လေး စု ကို နမ်းရှိုက်နေမိတယ်

ဘယ်ဘက်ရင်အုံထဲက အချစ်သက်ပြင်းချသံတွေဟာ
ဂျူးလိယက် လဲလျောင်းနေတဲ့ ခြေသံလေးတွေရဲ့
သင်္ကေတတွေပဲ
ထိုအရာတွေကို ခိုးကြည့်နေမိတာ
ငါ ဆိုတဲ့ ရိုမီယိုလေးပါ

စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှုတွေက
ကမ္ဘာပတ်ဖို့မလိုပါဘူး
ဘဝရဲ့ မင်းလေးအတွက် ငါသီဆိုနေမယ့် သီချင်းလေးတွေပါ

ကလေးရေ
တစ်နှစ်နဲ့ ခြောက်လပြည့်သွားပြီနော်

တစ်စတစ်စ တိုးလာတဲ့ ချစ်ခြင်းရဲ့ ရိုးမယ်ဖွဲ့ချင်းတွေကို
နှလုံးသားထဲမှာ အိမ်လေးဆောက်ထားတယ်
သစ္စာရှိမှုနဲ့ ဂရုစိုက်မှုတွေက
အချစ်အိမ်လေးရဲ့ တံခါးရွက်နှစ်ဖက်ပေါ့

ဒီနေ့ရက်တွေကနေ အခြားနေ့ရက်တွေတိုင်
ကိုယ့် နတ်သမီးလေး စု ရဲ့ ခြေစင်းထားတဲ့
ပေါင်ပေါ် ခေါင်းလေးထားအိပ်မယ်
ပြီးတော့
မင်းမျက်နှာလေးကိုပဲ ဘဝရဲ့ နေဝင်ချိန်တွေအထိ
တစ်သက်လုံး ကြည့်နေချင်မိတယ်

          tk

SuWhere stories live. Discover now