*no title love part 2*

978 60 0
                                    

အချစ်က ပိုးစုန်းကြူးတွေလိုပဲ
ရှိနေမှန်းသိပေမယ့် မြင်ဖို့ ခက်ခဲတယ်
ဒါပေမယ့် တခါတလေမှာတော့ မမျှော်လင့်ပဲ ကိုယ့်အနားကို ရောက်လာတတ်တယ်

သွင်
သူမက ကျမရဲ့ပိုးစုန်းကြူးလေးတော့ မဟုတ်ပါဘူး
လမိုက်ည
ကျမရဲ့ပိုးစုန်းကြူးငယ်လေးကို တွေ့ခွင့်ပေးမယ့်
လမိုက်ည

"မမက ရီနာလား"

ကော်ရစ်တာမှာ ကျမတို့နှစ်ယောက် တခြားသူငယ်ချင်းတွေနဲ့ ရပ်နေချိန် ကောင်‌မလေးတယောက်ရောက်လာတယ်
ကျမတို့ထက် ငယ်မယ့်ပုံစံနဲ့

"မင်းက.."
"ညီမက သွင်ပါ
မမတို့ထက် တနှစ်ငယ်တယ်
ဟို..မမရီနာရဲ့ fan ပါ ပြီးတော့ ဒေါ်လေးကလည်း မမရဲ့မေမေနဲ့ ရင်းနှီးတယ်တဲ့"
"ဟိုတခါမေမေပြောတဲ့ကောင်မလေးပဲ
ဘာကူညီရမလဲ ညီမလေး ပြောလေ"
"ညီမနဲ့ တွဲပါလား"
"ဟမ်.."
"ညီမတကယ်ပြောတာပါ မမကို စောင့်ကြည့်လာခဲ့တာကြာပြီ
အခုက ရှေ့ဆက်တိုးသင့်တဲ့အချိန်ဖြစ်မယ်ထင်လို့"
"ဘာကြောင့်လဲ"

သွင်ဆိုတဲ့မိန်းကလေးက ကျမဘက်လှည့်ကြည့်တယ်

"အဲ့ဒီအကြောင်းပြချက်ကို မမလည်း သိမှာပါ
ညီမကို စဉ်းစားပေးမယ်မဟုတ်လား"
"မမြန်ဘူးလား ညီမလေး"
"မမြန်ပါဘူး ညီမနဲ့ အရင်တွဲကြည့်လေ
မမအတွက် အရှုံးမရှိပါဘူး
ညီမက လှတယ် ပြီးတော့ single လေ"
"အိုခေလေ
နောက်နေ့မှ အဖြေပြန်ပေးမယ် ဟုတ်ပြီလား"
"တယောက်ယောက်နဲ့ တိုင်ပင်ဖို့ လိုသေးတာလား"

ကလေးက မခေဘူးပဲ

"စကားဆိုတာ သိတဲ့အတိုင်း အများကြီးပြောတာမကောင်းဘူး သွင်
ကိုယ်နဲ့တွဲမယ်ဆိုရင် မင်း အဲ့တာကို ဆင်ခြင်ရလိမ့်မယ်"
"ဟုတ်ကဲ့ မမ
သွင် ကြိုးစားမှာပါ မမ သွင့်ကို သဘောကျအောင် ပြီးတော့ ချစ်လာအောင်"

ကျမ အဲ့ဒီသွင်ဆိုတဲ့မိန်းကလေးကို သဘောမကျတာမဟုတ်ပေမယ့်
မကြိုက်တာတော့ အမှန်ပဲ
စကားကို ထေ့ငေါ့ပြီး ပြောတတ်တာကြောင့်လား
ကျမက စကားများတဲ့သူတွေကို မကြိုက်တာကြောင့်ဖြစ်မယ်
ရီနာ့အနား သူမရှိနေမှာကိုလည်း မမြင်ချင်ဘူး
ဒါပေမယ့် အဲ့တာက ကျမနဲ့မှ မသက်ဆိုင်တာလေ

*no title love*(complete)Where stories live. Discover now