"ဟိန်းလေးရေ အချိန်မှန်ပို့တတ်တဲ့ Hein Private Deliverey က မုန့်လာပို့နေပါတယ် "
ဒီအသံကတော့ အဖွဲ့ခေါင်းဆောင်အမချိုရဲ့အသံပင်။ဒီအသံဘယ်လိုဖြစ်တာလဲဆိုရင် အဲ့နေ့ညဖုန်းပြောပြီးကတည်းက သူ့ဆီကို အားတဲ့အချိန်တိုင်း အမြဲမုန့်တစ်ခုခုလာပို့တတ်သော တုနှိုင်းကာရံကြောင့် အဖွဲ့ခေါင်းဆောင်အပါအဝင်တခြားသူတွေကပါ တုနှိုင်းကို သူရဲ့တစ်ဦးတည်းသောမုန့်ပို့တဲ့သူဆိုပြီး အမြဲစနောက်ကြလေ၏။
ခုလည်း နေ့ခင်းအားတဲ့အချိန်တွင် သူ့ဆီကို မုန့်လာပို့သော တုနှိုင်းကြောင့် အဖွဲ့ခေါင်းဆောင်က အော်ပြောစလိုက်တော့ ကျန်တဲ့သူတွေကပါ ရီနေလေရဲ့။
"ဟာ ဘာတွေသဘောကျနေကြလို့ ရီနေကြတာလဲ အမချိုတို့"
သူ့အာရုံနဲ့သူ့ဖြစ်ပြီးလာနေတဲ့ ကာရံတစ်ယောက် သူ့ကိုကြည့်ပြီးရီနေသောကြောင့် မေးလိုက်မိသည်။
"ဒါ အမချိုတို့အတွက် ဒါကတော့ မှူးအတွက်"
ဒါက ကာရံလုပ်နေကျ လုပ်ငန်းတစ်ခုလိုပင်ဖြစ်နေလေ၏။အမြဲတမ်းမှူးအတွက်ဝယ်ရင် အမချိုအပါအဝင်တခြားသူတွေအတွက်ပါ ဝယ်လာနေကျဖြစ်သည်။
"ကျေးဇူးကာရံ သူများတွေလို လာပို့မယ်သူမရှိတော့ တို့တစ်တွေက ကပ်စားရတာပေါ့"
တုနှိုင်းပေးတဲ့မုန့်တွေကို လှမ်းယူရင် လွမ်းကိုစနောက်နေပြန်နေသော အမယမင်း။လွမ်းတစ်ယောက်အလုပ်လုပ်တာ လတစ်ဝက်ရောက်နေပြီဖြစ်သည့်အပြင် ဒီအဖွဲ့ဝင်ကလူတွေနဲ့ကလည်း မိသားစုတွေလိုဖြစ်နေလေပြီ။
"အမြဲတမ်း စားချင်ရင် ကျွန်တော်ကို အဖြေပေးဖို့အတွက် မှူးကို ကူပြောပေးကြပါ ဒါဆိုရင် ကျွန်တော်က အကိုတွေအမတွေအတွက် တစ်သက်စာမုန့်တွေအမြဲလာပို့ပေးမယ်ဗျ"
ဖုန်းဆက်တဲ့ညတုန်းက ဖြစ်တည်မှုကိုလူကြားထဲချပြရဲ့လား သူ့မေးလိုက်သည့်ကြောင့်ထင်ပါ့။သူ့ လွမ်းအပေါ်ဘယ်လိုသဘောထားလဲဆိုတာကို လူတွေကြားထဲ သိုဝှက်မထားဘဲအကုန်ချပြနေသော တုနှိုင်းကာရံ။
"ကဲ ဟိန်းလေးရေ ကြားတယ်နော်"
"အမတို့အတွက် ဟိန်းလေးရေ အဖြေပေးလိုက်တော့ဟေ့"
ESTÁS LEYENDO
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023