ငါ့ကို ငါ့သခင်မက ခုံပေါ်ကနေ ကန်ချတယ်။ (၂)

39 2 0
                                    

နောက်တော့ ငါ့ကိုကားပေါ်တင်ခေါ်သွားတော့တာပဲ။ ငါကအကောင်သေးသေးတော့ ငါ့ကိုခေါ်လာတဲ့သူကိုယ်ပေါ်ကနေ ဆင်းပြီး သူ့ခြေရင်းမှာအိပ်လိုက်တယ်။ မောပြီလေ။ သိပ်မကြာပါဘူး။ ငါ့ကိုယ်က ထပ်ပြီး အမ ခံလိုက်ရတယ်။ ပြီးတော့ခပ်မြင်မြင့်နေရာမှာတင်လိုက်ပြန်တယ်။

ဒီ....... အမြင့်ကြီးလေ...ဘယ်လိုဆင်းရမှာလဲ။ ငါလဲမော့ကြည့်လိုက်တာပေါ့။ တကယ်က ကားပေါ်မှာ လူနှစ်ယောက်ပါတာ။ ငါ့ကို ချီတဲ့တယောက်က လူကောင်နည်းနည်းသေးတယ်။ နောက်တစ်ယောက်ကတော်တော်လေးပြည့်ဖြိုးတယ်။ အဟမ်း ဗိုက်ကလေးထွက်နေတာပေါ့။ ငါ့ကိုကြည့်တဲ့အကြည့်တွေက အံတကျိတ်ကျိတ်နဲ့။ ငါ့ရဲ့မပေါက်သေးတဲ့သွားတွေကို ကြိတ်ထားမိတယ်။ တစ်အောင့်ကြာတော့ စားစရာအနံ့တွေရောက်လာတော့တာပဲ။ ငါ့ကို သူတို့စားတဲ့ဟင်းတွေချကျွေးတော့တာပဲ။ နောင်အခါမှာတော့ အဲ့တာ အမြည်းတွေဆိုတာသိသွားတာပေါ့လေ။ ငါလဲသူတို့ပြောတာနားမလည်သေးတော့ ချကျွေးတာနဲ့ စားတော့တာပဲ။

ဟက်ဟက် သူတို့သောက်တာတော့ငါမသောက်ရဘူးပေါ့။ စားပြီးတာနဲ့ ငါလဲမျက်လုံးလေးလာတာပဲ။ မကြာပါဘူး ငါထပ် အမ ခံရတာပါပဲ။ ဒီ......ငါအံကြိတ်လျက်ပေါ့။

ကားပေါ်မှာ ငါသေပြီတောင်ထင်တာ။ စားထားတာတွေက လည်ပင်းကနေထွက်ပြီထင်တာ။ ခွေးဘဝကလွယ်တယ်များထင်နေလား။ ကားပေါ်မှာ ငါ့ခန္ဓာကိုယ်က နိမ့်လိုက်မြင့်လိုက်နဲ့ ငါ့ကိုယ်ငါ လောကဓံကို ကြံ့ကြံ့ခံနေရတဲ့ အာဂခွေးလို့တောင်ထင်နေတာ။ ငါရဲ့နေ့ရက်တွေဆုံးပြီလို့ထင်တဲ့အချိန်မှာ ကားစက်ရပ်သွားတယ်။ ငါ့ကိုအောက်ချပေးတဲ့အချိန်မှာ ငါ့ဘေးကိုငါ့ရဲ့သုံးဆလောက်ကြီးတဲ့ ခွေးချင်းတူပေမဲ့ မျိုးမတူတဲ့နှစကောင်ရောက်လာတယ်။

အိမ်း....
"ဟယ်လို...."
ငါလဲ စမိတ်ဆက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ငါသာဒီနေရာမှာနေရရင် သေချာတာက စီနီယာတွေကို လေးစားရမယ်လေ။ အဲ့ချိန်မှာ ဂါဝန်ဖားဖားနဲ့အလုပ်လုပ်နေတဲ့မိန်းမတစ်ယောက်ကိုတွေ့လေရဲ့။ ငါ့ရဲ့အနာဂတ် သခင်မပေါ့။ ငါလဲသူ့ဆီပြေးသွားပြီး သူ့ခြေထောက်ကို အနံ့ခံတာပေါ့။ သူ့ဆီက အနံ့ကမွှေးတော့မနေဘူး။ မိတ်ဆက်ပြီးပြီဆိုတော့ ငါလဲ လဲချင်နေပြီလေ။ အဲ့မှာ ခုံကိုတွေ့တော့တာပဲ။ ငါလဲပြေးကုတ်တာပေါ့။ ခုံပေါ်ကြိုးစားတက်လို့ ရခါနီးမှာပဲ လက်တစ်ဖက်ကငါ့ကိုမပြီး အောက်ချလိုက်တယ်။ ငါထပ်ပြီးတက်တယ်။ ပစ်ချခံရတယ်။ အကြိမ်အချို့ကြိုးစားပြီးနောက်မှာတော့ ခြေထောက်တစ်ချောင်းက ငါ့ကိုခပ်ထုတ်လိုက်တယ်။ ငါလဲမော့ကြည့်တာပေါ့။ မနှစ်မြို့တဲ့အရိပ်အယောင်နဲ့ ငါ့အနာဂါတ်သခင်မက စကားပြောလာတယ်။

"ခွေးကခွေးနေရာနေစမ်း"

ဒီစကားကို ငါ့နားလည်လိုက်တယ်။ ငါ့ကိုခွေးလို့ပြောလိုက်တာပဲ။ ခွေးတော့ခွေးပဲ ဒါပေမဲ့ ခွေးလို့တဲ့တိုးကြီးခေါ်တာတော့ နည်းနည်းဖီးငုပ်တာပေါ့။ အဲ့လိုနဲ့ငါ့သခင်မက ငါ့ကိုခုံပေါ်က ကန်ချခြင်းနဲ့ ပထမဆုံးနေ့ကိုမိတ်ဆက်လေရဲ့။ နည်းနည်းတော့ကြမ်းတာပေါ့လေ။

ငါ့သခင်မက စိတ်မမှန်ဘူး။Where stories live. Discover now