Unicode
စန်းယွမ်ယွမ်က ရှက်စနိုးလေး ပြုံးပြလိုက်၏။
ယုံးဝူမင့်က သူမအပြုံးကြောင့် ကြက်သေ သေသွားကာ တောက်ပနေသည့် အနက်ရောင်မျက်ဝန်းများကို ဖြည်းဖြည်းချင်းစီ အပေါ်ကပ်လိုက်ပုံက သူပြောတာမှားသွားသလား ဟူသည်ကို ပြန်တွေးနေသည့်အလား။
အတော်ကြာမှ သူက သဘာဝမကျသည့် ခပ်ခြောက်ခြောက်ချောင်းဟန့်သံကို ပြုလိုက်ရင်း သူမလက်ကိုဆွဲကာ တံတိုင်းအောက်ဆင်းဖို့ ဟန်ပြင်လိုက်သည်။
ဤအချိန်မှာ စန်းတပ်မဟာက လေးလံသည့် အနက်သံမဏိလက်တွန်းလှည်းအပုလေးတွေပေါ်မှာ မီးစွဲလောင်နေသည့် လောင်စာစည်ပိုင်းများကို တင်၍ ဘယ်တစ်ဖက်ညာတစ်ဖက်သို့ တွန်းပစ်လိုက်ကြသည်။ကျင်းတစ်သောင်းလောက်ရှိမည့် မီးလျှံနဂါးကြီးက ဟိန်းအော်လိုက်ရင်း ကျန်းတစ်ရာကျော်လောက်ရှိသည့် လမ်းကြောင်းတစ်ခုအား ကွေ့ကွေ့ကောက်ကောက်ဖြစ်စေလိုက်သည်။ ယင်းက နတ်ဆိုးမိစ္ဆာများအား ခဏတာတော့ ဖြတ်ကူးလာ၍မရ ဖြစ်သွားစေပေသည်။
မုတ်ဆိတ်မွေးထူထူနှင့် ကြမ်းတမ်းသန်မာသော အမျိုးသားတစ်ဦးက ကြက်သွေးရောင် တိမ်လွှာသားရဲကို စီးလာကာ ဂိတ်တံခါးအောက်မှာ ရပ်လိုက်သည်။
စန်းယွမ်ယွမ် : "......."ဒီလူက စန်းဘုရင်ပဲဖြစ်မယ် ဟုတ်တယ်မလား။
တကယ့်တကယ် စန်းပြည်နယ်က မိသားစုဝင်တွေနှင့် တွေ့ရတော့မည်ဆိုတော့ သူမနည်းနည်း တွန့်ဆုတ်နေမိပြန်သည်။
လင်ကူးနှင့် တခြားလူတွေကို ရင်ဆိုင်ခဲ့စဥ်က အတိတ်မေ့နေသည်ဟူသော ဆင်ခြေကို သုံး၍ သူမအတိတ်ကိုဖုံးကွယ်လို့ရသေးသည်။ သို့ပေမဲ့ မူလကိုယ်နေရာမှ အစားဝင်ပြီး သူမမိသားစုနှင့် ယှဥ်တွဲနေဖို့ဆိုတာကျ....စန်းယွမ်ယွမ်လည်း မည်သို့ကိုင်တွယ်ရမလဲကို မသိတော့ချေ။
"ဟန်ရှောင်လင်!"မုတ်ဆိတ်မွေးနှင့်အမျိုးသားက ပါးစပ်ဟကာ ခြင်္သေ့ကဲ့သို့ ဟိန်းသံဖြင့် ဆိုလာသည်။
"ငါ့သမီးကို ကျန်းကျန်းမာမာ၊ အသက်ရှင်လျက်သားနဲ့ လက်လွှဲပေး။ မဟုတ်ရင် မင်းအောက်ဆင်းလာလို့ရမယ် မထင်နဲ့!"
ဟန်ရှောင်လင်က တံတိုင်းဘေးမှာရပ်ကာ ကြည်လင်ကျယ်လောင်သော အသံဖြင့် ပြန်တုံ့ပြန်လာ၏။
KAMU SEDANG MEMBACA
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romansaစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️