အပိုင်း ၇၀

3.1K 445 4
                                    

Unicode

  
တံတိုင်းထိပ်ပေါ်မှာ ရပ်နေရင်းဖြင့် ဟန်ရှောင်လင်မှာ စိတ်တွင်းကနေ လှိုက်တက်လာသော အရှက်ကွဲသိမ်ငယ်မှုများကို မလွှဲသာမရှောင်သာ ခံစားလိုက်ရသည်။
  
ဆန့်ကျင်ဘက်မှာတော့ ယုံးဝူမင့်ဟာ စန်းယွမ်ယွမ်ကိုချီ၍ တံတိုင်းအောက်သို့ ပျော်ပျော်ကြီးဆင်းကာ အပြင်ဘက်သို့လှမ်းထွက်တော့မည့်အချိန်မှာပင် စန်းယွမ်ယွမ်က သူ့အင်္ကျီလက်ကို လှမ်းဆွဲလိုက်လေသည်။
  
"နားထောင်ကြည့်။ အဲ့ဒါဘာသံလဲ"

သူမက ရင်တဖိုဖိုဖြင့်မေးလိုက်သည်။
  
ယုံးဝူမင့်က ခဏမျှအာရုံစိုက်နားထောင်ပြီးနောက် ခေါင်းကို ခါယမ်းပြလိုက်၏။

"ဘာသံမှမရှိဘူး"
  
"ကျွန်မနားထဲမှာ အပြင်ဘက်ကနေ တံခါးကို ကုတ်ခြစ်နေတဲ့အသံမျိုးကြားနေရတယ်။ မဟုတ်မှ သွမ်မင့်များလား"

သူမက မျှော်လင့်နေဟန်အကြည့်များဖြင့် မျက်တောင်ခတ်လိုက်၏။
  
ယုံးဝူမင့်က သူမကို ငုံ့ကြည့်လာသည်။
  
ဂိတ်တံခါးအောက်မှာ ဘာအလင်းရောင်မှ မရှိချေ။ အမှောင်ထုထဲဝယ် ထိုမျက်ဝန်းများဟာ ကြည်လင်သောစမ်းရေအိုင်လေးနှစ်အိုင်အလားဖြစ်နေကာ သူ့ထံ တစ်ကြိမ်ပြီးတစ်ကြိမ် တိမ်းငဲ့ကြည့်နေလျက်။
  
"မဟုတ်ဘူး"

သူ့အသံက အနည်းငယ်ခြောက်ကပ်ကာ အက်ရှသွားသည်။

"သူတို့အကုန်အောက်ရောက်သွားပြီ"
  
ထို အောက်ဆိုသည်ကား တံတိုင်းအောက်ကို ဆိုလိုတာမဟုတ်။ အသူတရာချောက်အောက်သို့ ဆိုလိုခြင်းပင်။
  
ထောင်ပေါင်းများစွာသော တိမ်လွှာသားရဲများဟာ နတ်ဆိုးများနှင့်အတူ ရောထွေးရစ်ပတ်ကာ အသူတရာချောက်ထဲသို့ တည့်တည့်ကျသွားပြီဖြစ်သည်။ သူတို့အတွက် အသက်ရှင်စရာ အကြောင်းရှိမနေချေ။
  
ယုံးဝူမင့်က သူ့ရှေ့က စမ်းရေအိုင်လေးက ယိမ်းထိုးသွားတာကိုမြင်လိုက်ရကာ အမျိုးသမီးငယ်ဆီကနေ ထိန်းချုပ်ထားသည့်ရှိုက်သံက ထွက်လာလေသည်။
  
"ဒီလောက် လွယ်လွယ်နဲ့ ခံစားလွယ်ရလား"

သူက သူမမေးစေ့ကို ခပ်သာသာ ဖျစ်လိုက်ရင်း

"ကိုယ့်ကိုလည်း အဲ့လောက်အလွယ်တကူနဲ့ သဘောကျသွားတာလား"
  
သူ့အသံက ရေသေရေအိုင်က တည်ငြိမ်နေသည့်ရေအလားရှိလှသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin