သူနဲ့ ပတ်သက်ပြီး အိမ်မက်တွေမက်လေ့ရှိတာ ပြောပြဖူးပေမယ့် ဒီအိမ်မက်လေးတွေမက်ဖို့
မအိပ်ခင်တိုင်း စိတ်ထဲစွဲနေအောင် ကြိုတွေးခဲ့စိတ်ကူးယဉ်ခဲ့ကြောင်းကိုတော့ ဝန်မခံချင်ခဲ့ဘူး။ ဆောင်းတွင်းအိမ်မက် ဂယောက်ဂယက်လို့ ပြောကြပေမယ့် ဒီလို အငွေ့ပြန်လွယ်မယ်ဆိုတာ မသိခဲ့ရိုးအမှန်ပါကွယ်။အိမ်မက်တွေထဲမှာဆို ချစ်တဲ့အကြောင်းတွေတဖွဖွဝန်ခံလို့ရတယ်။မကြာခဏ ထိုးဖွချင်ခဲ့တဲ့ဆံနွယ်တွေကြား ပန်းခရမ်းပြာတစ်ပွင့် ကိုယ်တိုင်ညှပ်ထည့်ပေးခွင့်ရမယ်။နောက်ပြီး ချစ်တာ မချစ်တာ ငြင်းမှာမငြင်းမှာ ထည့်တွေးမနေဘဲ "ကိုကို ကျနော့်ကိုဖက်ထားပေးပါ"ပြောရင်း ရင်ခွင်ထဲထိုးဝင်နေလို့ရမယ်။သိပ်လွမ်းရတဲ့ အသံလေးကို ဆက်တိုက်ကြားနေခွင့်လေး လမ်းအတူလျှောက်ခွင့်နဲ့ မင်းလက်ဖျားတွေထိကိုင်ခွင့်လေးရယ်... ဒီလိုရိုးရိုးလေးတွေးပြီး ငွေ့ရည်ဖွဲ့ဆောင်းအိမ်မက်တစ်စုံ ရက်လုပ်ခဲ့ပါတယ်။
ပြီးပါပြီ