ပန်းရောင်crop topလေးဝတ်ပြီးသီချင်းသံတိုင်းလှုပ်ရမ်းကနေတဲ့ကိုယ်လေး.ကိုယ်ကိုလှုပ်ပြီးလက်လေးမြှောက်လိုက်တိုင်းဖွေးဉချပ်ရပ်နေတဲ့ဗိုက်ကလေးနဲ့ခါးသိမ်သိမ်လေးတွေကလှစ်ခနဲ.လှစ်ခနဲ.ဘောင်းဘီအကျပ်ကြောင့်ထင်းနေတဲ့ကောက်ကြောင်း.
ဂျောင်ဂုဖုန်းကြည့်နေရင်းမှစားပွဲပေါ်ကိုခပ်ပြင်းပြင်းထုရိုက်ချလိုက်သည်။အပြင်းမှာရှိနေတဲ့အတွင်းရေးမှူးမလေးကအပြေးအလွှားဝင်လာသည်။
"စီးအီးအိုဘာဖြစ်လို့ပါလဲရှင့်."
"ကင်မ်ဆော့ဂျင်ကိုခုချက်ခြင်းဒီလိုလာခိုင်းလိုက်"
"ဟုတ်ကဲ့."
အတွင်းရေးမှူးမလေးကဖုန်းအမြန်ထုတ်ရင်းအဆိုတော်ကင်မ်ဆော့ဂျင်ရဲ့မန်နေဂျာလေးကိုဖုန်းလှမ်းဆက်သည်။ဖုန်းထဲကပြန်အဖြေကြောင့်စီးအီးအိုကိုမော့ကြည့်လိုက်တော့သူ့ကိုစိတ်မရှည်သလိုမီးဝင်းဝင်းတောက်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေလို့အတွင်းရေးမှူးမလေးကြက်သိမ်းတွေတက်ဖြန်းဖြန်းထသွားသည်။
"ဆော့ဂျင်ကကြော်ညာရိုက်နေပါတယ်တဲ့ရှင်."
"တောက်ခ်.ငါပြောတာနားမလည်ဘူးလား.ကင်မ်ဆော့ဂျင်ကိုအခုလာခိုင်းလိုက်လို့ပြောနေတာလေ"
"ဟုတ်ကဲ့သိပါပြီ.သိပါပြီ."
အတွင်းရေးမှူးမလေးလည်းအမြန်ဆော့ဂျင်မန်နေဂျာကိုသေချာပြောရင်းပြီးတာနဲ့အခန်းအပြင်ကိုသုတ်ချေတင်ထွက်လာတော့သည်။ဘာတွေဒေါသထွက်နေလည်းတော့မသိပေမယ်.အဆိုတော်ကင်မ်ဆော့ဂျင်နဲ့ဆိုင်တာတော့သိတယ်။ပဲလှော်ကြားဆားမညက်အောင်ရှောင်နေလိုက်တာအကောင်းဆုံးပဲ။
ဂျောင်ဂုစားပွဲပေါ်ကိုလက်နဲ့တစ်တောက်တောက်မေးရိုးများတင်းကားနေသည်။တစ်ချက်.တစ်ချက်လက်သီးစုပ်နဲ့လည်းစားပွဲကိုထုတတ်သည်။အခန်းတံခါးခေါက်သံကြားတာနဲ့အကြည့်တွေကချက်ခြင်းအဲ့ဆီရောက်သွားသည်။အခန်းထဲကိုဝင်လာတဲ့ဘောင်းဘီတိုနီညိုရောင်Long ကုတ်နဲ့ကောင်လေးကိုတွေ့တာနဲ့ထိုင်ခုံကနေဆက်ခနဲထရပ်သည်။
"ဆော့ဂျင်ကအလုပ်လုပ်နေတာကိုCEOကဘာလို့အတင်းခေါ်တာလဲ"
"မင်းဒီဗီဒီယိုကိုဘယ်သူ့ခွင့်ပြုချက်နဲ့တင်တာလဲ"