Part...8

826 46 14
                                    

For Unicode

"Amber...Amber"

နားထဲမှာ ကြားနေရသော ခေါ်သံတိုးတိုး။
အိပ်နေရင်းပင် ယောင်ယမ်းကာ ဟိုစမ်းဒီစမ်း စမ်းလိုက်မိသည်။

"Amber ခဏနေရင်ထတော့နော် ကိုယ်ရေချိုးနှင့်မယ်"

ပုခုံးပေါ်က လက်တစ်ဖက်ရဲ့အထိအတွေ့ကြောင့် မျက်လုံးမှေးမှေးဖွင့်ဟကြည့်မိတော့ ခပ်နုနုအပြုံးနဲ့ ဂျောင်ကုကိုတွေ့ရသည်။

ဘယ်လိုဘယ်ပုံတုံ့ပြန်မိလဲ သတိမထားမိခင် ဂျောင်ကုကတော့ ရေချိုးခန်းထဲကို ဝင်ရောက်သွားနှင့်ပြီ။ထယ်ယောင်းအိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်လှိမ့်နေလိုက်မိသေး၏။

အနည်းငယ်အိပ်ချင်ပြေမှ ဆတ်ခနဲထထိုင်လိုက်တော့ မျက်လုံးတွေထဲတောင် ပြာဝေသွားသလိုပင်။

ရေချိုးခန်းထဲမှ ကြားနေရတဲ့ သီချင်းညည်းသံသဲ့သဲ့။အမှန်အတိုင်းပြောရရင် ထိုအသံကိုကြားရချိန်တိုင်း ဂျောင်ကုသာ သီချင်းဆိုရင် ဘယ်လိုဘယ်ပုံဖြစ်လိမ့်မလဲလို့ တွေးတောမိသည်။

ဂျောင်ကုဟာ ချောမောသည်။အရည်အချင်းရှိသည့် ပညာတတ်အမျိုးသားတစ်ယောက်ဖြစ်သည့်အပြင် လူချစ်လူခင်ပေါများသေး၏။

အရာရာပြည့်စုံနှင့်ပြီးသားယောက်ျားတစ်ယောက်က သူ့လို တစ်စုံတစ်ရာမက်မောစရာမရှိသည့် မျိုးတူယောက်ျားတစ်ယောက်ကို ဘာကြောင့် အရယူထားရတာလဲ။

ဂျောင်ကုရောသူရော သာမန်မိသားစု၊သာမန်ဘဝတွေက ဆင်းသက်လာကြတာမလို့ ငွေမက်ပါတယ်ဆိုတဲ့ ထင်ကြေးမျိုးလည်းပေးလို့မရ။

ကျောင်းဖွင့်ရက်ရဲ့ နေ့စွဲတစ်ခု။
ကျောင်းရှေ့မှာဆုံခဲ့ကြတဲ့ လွဲမှားတဲ့ဖူးစာ။

အဲ့အချိန်တုန်းကျတော့ ဂျွန်ဂျောင်ကုဆိုတာ မထင်မှတ်ဘဲရင်းနှီးခဲ့တဲ့ မျက်နှာချိုချိုသူငယ်ချင်းတစ်ယောက်ပဲ။ရိုးရှင်းတဲ့ ခင်မင်မှုတွေ့မှာ ပေါ့ပေါ့ပါးပါးပဲ ပေါင်းသင်းဆက်ဆံဖြစ်ခဲ့ကြတာ။

"ထယ်ယောင်း...ကိုယ်မင်းကို သဘောကျတယ်"

လက်ထဲက ကော်ဖီခွက်ကိုဆွဲယူလို့ ကော်ဖီတစ်ငုံကို အရသာခံရင်း ပြောလာခဲ့တဲ့စကားသံ။မနှစ်သက်တဲ့ ကိုယ်ဆိုတဲ့အသုံးကလည်း ရောနှောပြီးပါခဲ့သေးတာ။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Opowieści tętniące życiem. Odkryj je teraz