Unicode
"အချစ်ဦးမို့ရူးသည်"Part.3
ပါဝင်သည့်ဇာတ်ကောင်-ဇင်ယော်သွန်း
ဆည်းဆာရောင်ခြည်(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💛💛💛-----------------------
အခန်းထဲဝင်လာတဲ့ခြေထောက်တစ်စုံက
ကုတင်ဘေးမှာရပ်သွားလေသည်၊ပြီးမှ
အိပ်ပျော်နေသူလေးနဖူးကိုစမ်းကြည့်လေ
သည်၊ကိုယ်သိပ်မပူတော့မှသက်ပြင်းသဲ့သဲ့
ချသည်၊ဆည်းဆာရဲ့လက်လေးတစ်ဖက်ကို
သွန်းဆွဲယူပြီးနမ်းလိုက်သည်၊အချစ်ဦးမို့
ဆည်းဆာကိုရူးအောင်ချစ်ရသည်၊တစ်ချိန်
ကသွန်းကိုပက်ပက်စက်စက်ပြောဆိုခဲ့တာ
တောင်မနာကျည်းနိုင်အောင်အထိဆည်းဆာ
ကိုချစ်သည်၊အခုလိုအစစအရာရာပြောင်းလဲ
လာအောင်လုပ်ခဲ့တာဆည်းဆာကိုကလဲ့စား
ချေဖို့မဟုတ်ရုပ်ဆိုးတဲ့သူတွေဆင်းရဲတဲ့သူ
တွေကိုအဖက်မလုပ်တက်တဲ့ဆည်းဆာ
ကြောင့်သွန်းပြောင်းလဲခဲ့တာ၊ကြိုးစားခဲ့တာ၊
ရိုးရိုးအအနေတဲ့သွန်းကရဲရဲရင့်ရင့်ပြောဆို
တက်အောင်အချိန်ယူခဲ့ရတာတွေ၊အလုပ်ကို
ဖိလုပ်ပြီးချမ်းသာလာတော့မှဆည်းဆာပြန်
ချစ်နိုင်မလားဆိုတဲ့စိတ်နဲ့ပြန်လာခဲ့တာ၊"တစ်ကယ်ပဲငါ့အပေါ်မင်းအချစ်တွေရှိလာ
ပါအုံးမလားဆည်းဆာရယ်""ချမ်းတယ်"
ခပ်တိုးတိုးလေးငြီးနေတဲ့ဆည်းဆာအသံကို
သေချာအာရုံစိုက်နားထောင်မှကြားရသည်၊
ချမ်တယ်ဆိုတာကြောင့်စောင်ထပ်ခြုံပေး
လိုက်ပေမဲ့ဆည်းဆာကမနွေးသေးတဲ့ပုံပင်၊
နောက်ဆုံးသွန်း ဆည်းဆာဘေးမှာဝင်အိပ်
လိုက်ပြီးဆည်းဆာကိုယ်လေးကိုရင်ထဲထည့်
ဖက်ထားလိုက်သည်၊ဆည်းဆာကသွန်းဆီကို
အတင်းတိုးလာကာဖက်တွယ်လာသည်၊
အချစ်ကိုရချင်လို့ကြိုးစားရာမှသွန်းရဲ့အသုံး
မကျမှုကြောင့်ဆည်းဆာရဲ့အမုန်းကိုသာ
ရသည်။"ငါကအရင်လိုတုံးအနေတုန်းပဲနော်ဆည်းဆာ"
သွန်းရဲ့စကားသံတွေကိုရင်ထဲကသူလေးက
တော့ကြားနိုင်မည်မဟုတ်ပေ၊သွန်းရင်ခွင်
ထဲတိုးတာထက်တိုးကာတင်းတင်းဖက်ပြီး
အိပ်ပျော်နေလေသည်၊

KAMU SEDANG MEMBACA
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
Cerita PendekGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)