အပိုင်း - ၅၃

2.6K 163 2
                                    


မာမားက ရယ်ရ၏။
တစ်ခဏတာ ခွဲထားလိုက်ရုံနှင့် အရာအားလုံးပြီးဆုံးသွားမည် ထင်နေပုံပင်...

ဒေါ်လေးမြတ်မှတစ်ဆင့် ပါမောက္ခချုပ်ဆီ အကြောင်းကြားကာ ကျန်ရှိနေသည့် House surgeonကာလ တစ်လကျော်ကို ဆေးရုံအဆောင်မှတစ်ဆင့် ကွန်ဒိုတစ်ခုတွင် အပြီးပြောင်းရွှေ့စေ၏။

မာမားကသာ သူနှင့်အတူ ကွန်ဒိုတွင်နေခဲ့မည်ဖြစ်ပြီး
ဒေါ်လေးမြတ်ကတော့ တစ်ရက်နှစ်ရက်သာနေကာ ပဲခူးသို့ ပြန်ရမည်ဖြစ်သည်။

ဒေါ်လေးမြတ်၏ ကာဆီးကာဆီးလုပ်မှုကြောင့်လေလား... မနေ့ကပေးခဲ့သည့်ကတိကြောင့်လေလား မပြောတတ်သော်လည်း မာမားက သူ့ကို ထိုကိစ္စနှင့်ပတ်သတ်၍ တစ်ခွန်းမှမဟလေတော့...

နောက်တစ်နေ့မနက်၌ မာမားက ဆေးရုံဆီ ကိုယ်တိုင်လိုက်ပို့ပေးကာ ညနေ dutyပြီးသည်အထိ မပျင်းမရိစောင့်ပေးပြန်၏။

ကားပေါ်တွင် တစ်နေကုန် Macbookတစ်လုံးဖြင့် အလုပ်လုပ်နေရသည့် မာမားက သနားလည်းသနားစရာပင်။

နာမည်ကြီး Groupနှစ်ခုလုံးကို အမျိုးသမီးတစ်ဦးတည်းက အုပ်ချုပ်နေရသည်မှာ မာမားအတွက်လည်း လုံးဝလွယ်ကူမည်မဟုတ်ပေ။

Macbookမှလည်း အကြည်မခွာနိုင်သလို မှန်သားရှိနေသည် ဆေးရုံဝန်းကိုလည်း မလွတ်တမ်း စောင့်ကြည့်နေတတ်သည့် မာမား၏ စကေးလ်ကလည်း ပေါ့သေးသေးမဟုတ်သည်ကိုတော့ ဝန်ခံရမည်သာ...

" mirror ဟဲ့ mirror နင် အဆောင်မှာမနေတော့ဘူးဆို"

မှန်သား ဆေးရုံဝန်းထဲရောက်သည်နှင့် ဆေးရုံဝ၌ သူ့အရင်ရောက်နှင့်နေသည့် နံ့သာက ခပ်လောလောလေးမေးလာ၏။

နံ့သာလည်း ကားနှင့်လာပို့ကာ ရပ်စောင့်နေဆဲမာမားကို သတိထားမိပုံရစွာ အကြည့်တို့က ဆေးရုံဝန်း၌ရပ်ထားသည့်ကားထံသာ ရစ်ဝဲလျှက်။

" အင်း ငါနဲ့ ရာရာ့အကြောင်း မာမားသိသွားတယ် "

" ငါသိတယ် မနေ့ညက ရာရာဖုန်းဆက်လို့ ငါနဲ့ထပ်တွေ့ဖြစ်တယ် သူ့တစ်ကိုယ်လုံးလည်း မိုးတွေရွှဲစိုပြီး တအား ငိုနေတာဟာ ငါ့မှာမနည်းချော့ယူလိုက်ရတာ "

Cupid's Compass (Completed )Where stories live. Discover now