အပိုင်း(၇၁) ပေါင်းစည်းမိကြခြင်း

28 3 0
                                    

ဗိုလ်ချုပ်ကြီးအိမ်တော် ပင်မခန်းမဆောင်အတွင်း...

ဝေကန်းလန်နှင့် ဝေချင်းချင်းတို့က အခန်းထဲတွင်ထိုင်နေလျက်ရှိကြသည်။ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်စလုံးရဲ့မျက်နှာတွေက အပျော်တွေနဲ့ပြည့်နှက်နေရသလို သူတို့ရဲ့ရင်ထဲမှာ အချိန်ကြာမြင့်စွာအမြစ်တွယ်နေသည့် စိုးရိမ်ပူပန်မှုတွေက လုံးဝပင်လွင့်ပါးပျောက်ကွယ်သွားခဲ့ရပေသည်။

ဝေကန်းလန်က ဇူယွမ်တို့ထွက်ခွာသွားခဲ့ပြီးနောက်တွင် ဝေဘင်း၏ခန္ဓာကိုယ်ထဲမှာ အဆိပ်ကျန်နေသေးခြင်းရှိမရှိ သေချာစွာရှာဖွေစစ်ဆေးခဲ့သည်။ ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲမှာ အသက်စွမ်းအားတိုးပွားလာသည်ကို ခံစားနိုင်ခဲ့ပြီးနောက်မှာ သူတို့တွေကနောက်ဆုံး နတ်ဆိုးမြူအဆိပ်အား အလုံးစုံဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သေချာသွားစေခဲ့သည်။

ဗိုလ်ချုပ်ကြီးအိမ်တော်ပေါ်မှာ နှစ်ပေါင်းများစွာရစ်ဝဲနေသည့် စိုးရိမ်ပူပန်မှုတွေက နောက်ဆုံးမှာပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။

ဇူယွမ်တို့လူစု ပင်မခန်းမဆောင်အတွင်း ဝင်ရောက်လာသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့က အလျင်အမြန်ပင်ထရပ်လိုက်ကြပြီး သူတို့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာပြောသည်... "ဝေမိသားစုက မင်းသားလေးရဲ့ကြင်နာမှုကို ဘယ်တော့မှမေ့သွားလိမ့်မှာမဟုတ်ပါဘူး..."

ဇူယွမ်က ရယ်မောလိုက်ကာ သူ့ဘေးရှိယောင်ယောင်အား ကြည့်လိုက်မိသည်။ အမှန်အတိုင်းပြောရရင် ယောင်ယောင်ရဲ့လမ်းညွှန်မှုမပါဘဲ သူ့အနေဖြင့် နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့်ပင် ဇူယွမ်ကယောင်ယောင်၏ မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်နှင့်ပတ်သက်၍ အခုအချိန်မှာ ပိုလို့ပင်လေးစားအားကျမိရသည်။ အဆင့် ၁မူလမှော်စာလုံးရှစ်ခုနှင့် အဆင့် ၂မူလမှော်စာလုံးတစ်ခုတို့ကို တစ်ပြိုင်နက်တည်းအသုံးပြုခြင်းက အစစ်အမှန်အဆင့် ၃မူလမှော်စာလုံးတစ်ခုထက် အကျိုးသက်ရောက်မှု လျော့ကျသွားခဲ့ရခြင်းမရှိပေ။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now