" ဒီမကောင်းတဲ့ ရှင်မ်းဂျယ်ယွန်း!
ကောင်မလေးတစ်ယောက်အတွက်နဲ့ငါ့ကိုထားခဲ့တယ်ပေါ့လေ !! "" ဘာတွေပြောနေတာလဲ အချစ်ရယ်..ကျွန်တော်ထိုင်ငိုမိတော့မယ် "
***********
ရှင်မ်းဂျယ်ယွန်းက တက္ကသိုလ်မှာနာမည်ကြီးတဲ့ကောင်လေးဖြစ်တယ်။ ချစ်စရာကောင်းတယ်လို့လည်းနာမည်ကြီးသလို၊မဟာတန်းကစီနီယာအစ်ကိုကြီးရဲ့ ရည်းစားလေးအဖြစ်လည်းနာမည်ကြီးတယ်။ရည်းစားလေးအဖြစ်နာမည်ကြီးပုံကတော့ ငိုရခက် ရယ်ရခက်ပဲ။ စီနီယာအစ်ကိုကြီးနဲ့ အချိန်တိုင်းပြတ်ဆဲခံနေရလို့ပါ။
စီနီယာအစ်ကိုကြီးက ဂျယ်ယွန်းနဲ့ ၃နှစ်ကွာတယ်။ဂျယ်ယွန်းက လိမ်ဖယ်လိမ်ဖယ်နဲ့ အထက်တန်းအောင်ပြီး တက္ကသိုလ်လည်းရရာမေဂျာဝင်တတ်လိုက်တာမလို့ တက္ကသိုလ်ပထမရက်တွေနဲ့သိပ်အစေးမကပ်ခဲ့ဘူး။ စာလည်းစိတ်မဝင်စား၊ဆရာတွေကအစရက်တွေအတန်းချိန်မဝင်နဲ့ ပျော်ရွှင်စရာတက္ကသိုလ်ပထမရက်သတ္တပတ်ကို အတန်းပျက်ရင်း လျှောက်လည်ရင်းကုန်ဆုံးပစ်တယ်။အတန်းတကယ်တက်မယ့်နေ့မှာတော့ ဂျယ်ယွန်းပြဿနာတက်ခဲ့ပါတယ်အဲ့တာကပဲစီနီယာအစ်ကိုကြီးနဲ့ဂျယ်ယွန်းရဲ့တွေ့ဆုံခြင်းအစပါပဲ။
ဂျယ်ယွန်းရည်းစား စီနီယာအစ်ကိုကြီးကတော့ ဂျယ်ယွန်းနဲ့လားလားမှကိုမဆိုင်ဘူး။ဂျယ်ယွန်းကမောင်နှမသုံးယောက်ရှိပြီးအငယ်ဆုံးလည်းဖြစ်တာမလို့ ဂျယ်ယွန်းမှာ ဖိအားမရှိ။စီနီယာအစ်ကိုကြီးကတော့တစ်ဦးတည်းသောသားမလို့ ဖိအားပေါင်းတစ်သိန်းနဲ့။ဂျယ်ယွန်းသိခဲ့ရတဲ့ အကြောင်းရာတွေအရ ငယ်ငယ်ကတည်းကစာမှစာပဲလုပ်ခဲ့ရတဲ့သူ။အပြုံးချိုချိုနဲ့စီနီယာအစ်ကိုကြီးက သူတို့မေဂျာရဲ့နာမည်ကြီးပဲ။
သဘောကောင်းတယ်၊စာတွေလည်းရှင်းပြတယ်၊အငယ်တွေကိုလည်းအများကြီးကူညီပေးတယ် စသဖြင့်စသဖြင့် နာမည်ကြီးတယ်။ ဒါပေမယ့်သူတို့မသိတဲ့အချက်တွေလည်းကျန်ပါသေးတယ်. တခြားတစ်ဖက်ခြမ်းခေါ်မလား..အင်း.. ဂျယ်ယွန်းနဲ့ရည်းစားဖြစ်ပြီးမှသိရတာတွေပါ။စီနီယာအစ်ကိုကြီးနဲ့စတွေ့ခဲ့ပုံကမဆန်းပါဘူး။သူက
အတန်းလည်းဘယ်နေရာမှာရှိတယ်မသိသလိုအဆောင်လည်းဘယ်နေရာမှာရှိမှန်းသူမသိလို့ပဲ။ဟိုရှာဒီရှာ ရှာရင်းရောက်သွားတော့ ဇီဝဓာတုမဟာတန်းအဆောင်ဖြစ်နေခဲ့တယ်။ဒါလည်းဂျယ်ယွန်းရောဂျယ်ယွန်းရဲ့သူငယ်ချင်းလေးဆောင်းဟွန်းရောမသိကြပါဘူး။လေးထပ်ဆောင်ရဲ့တစ်ထပ်စီတိုင်းကအခန်းဆိုင်းဘုတ်တွေဖတ်ရင်းရွာလည်ခဲ့ကြတာ ဂျယ်ယွန်းရဲ့နှလုံးသားလေး နဲ့သာမတွေ့ခဲ့ရင် ဂျယ်ယွန်းကတော့အဆောင်ရှာရင်း ပထမ semester ပြီးသွားမယ်ထင်ပါတယ်။