MX 16

4.3K 499 55
                                    

Unicode

သူ့နောက်ကို တကောက်ကောက်လိုက်နေတာကို သူ ရိပ်မိနေသည်။ ယွင်အာရဲ့ဆေးခန်းနားက ပုလဲရောင်းတဲ့ဆိုင်ကို နေ့တိုင်းလာနေတာကိုလည်း သတိထားမိသည်။ ပုလဲ‌ပုတီးတွေရွေးနေသလိုနဲ့ ဆေးဆိုင်ဖက်ကို လှမ်းကြည့်နေတတ်တာလည်း သူ သိသည်။

သူက ရှောင်းကျန့် ဆိုတဲ့လူမဟုတ်ကြောင်း အပြတ်ငြင်းထားပေမယ့် ဖြူလွှလွှလေးကတော့ အခုထိ လက်ခံမည့်ပုံမပေါ်ပေ။ သူ့ကို စူးစူးငေးငေးလေးကြည့်နေတတ်တဲ့ အကြည့်တွေကြောင့် သူ့မှာလည်း အမည်မသိဝေဒနာတစ်ခု ခံစားလာရသည်။

ရက်တွေကြာလာတော့ ယွင်အာကလည်း ရိပ်မိလာပုံရသည်။

"ဝမ်ကိုကို... သူက ဘာလို့ ကျွန်တော်တို့ဆိုင်ဖက်ကိုပဲ လှမ်းကြည့်နေရတာလဲ"

"သူ့ဖာသာ ဈေးဝယ်နေတာဖြစ်မှာပါ"

"နေ့တိုင်းပုလဲလာဝယ်နေတာတော့ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ သူက ဒီဖက်ကိုပဲ ကြည့် ကြည့်နေတာ ဘာသဘောလဲ"

"သူတို့ဆေးတွေ ထပ်ရောင်းချင်လို့ ဖြစ်မှာပေါ့"

ယွင်အာကို သံသယမဖြစ်စေရန် သူက ခပ်ပေါ့ပေါ့ပဲ ပြောလိုက်သည်။ ဒါတောင် ယွင်အာက ဆိုင်ဖက်ကိုကြည့်နေတာပဲ သိတာဖြစ်သည်။ သူ့နောက် တကောက်ကောက်လိုက်နေတာတွေပါ သိလျှင် ပိုစိတ်ပူနေမှာ သေချာသည်။

နန်းတွင်းတပ်ထဲကိုသွားရန် သူ ထွက်လာတော့ ထုံးစံအတိုင်း အဖြူရောင်လေးကလည်း ဆိုင်ထဲကနေထွက်လာတာကို သူ့မျက်ဝန်းထောင့်ကနေ မြင်လိုက်ရသည်။

နောက်ကနေ ပါလာလေမလားလို့ သူ မသိမသာ ခေါင်းငဲ့ကြည့်နေပေမယ့် လိုက်လာတာကို မတွေ့ရပေ။ သူ နည်းနည်းတော့ ရယ်ချင်သွားလေသည်။ သူ့နောက်ကို လိုက်လာဖို့ သူက မျှော်လင့်မိနေသလား။

-------------------

ရှောင်းကျန့်ရှိနေတဲ့ ဆေးဆိုင်ကို စောင့်ကြည့်နေတာ ၅ ရက်လောက်ရှိနေလေပြီ။ အစကတော့ ရှောင်းကျန့်ကိုတွေ့ရင် အားလုံးပြီးပြီလို့ ထင်ခဲ့သည်။ သူတို့နှစ်ယောက်ဆုံဆည်းချိန်ဟာ လှပတဲ့ ဇာတ်သိမ်းပဲလို့ ထင်မှတ်ခဲ့သော်လည်း တွက်ကိန်းလွဲသွားလေပြီ။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now