Winter Coffee

356 30 2
                                    

" ချမ်းလိုက်တာ ငါတော့ ထပ်ဖျားဦးမယ်ထင်တယ် "

Fumaက ခါးပေါ်က Apronကိုကြည့်ရင်း တိုးတိုးရေရွတ်တယ် ။ သူ ဖြစ်နိုင်ရင် အနွေးထည်တစ်ထည်ထည်လောက် ထပ်ဝတ်ထားချင်သား .. ။

ဒါပေမယ့် သူ အချိန်ပိုင်းလုပ်နေတာက ကော်ဖီဆိုင်မို့ အနွေးထည်ဝတ်ရင် အဆင်ပြေမပြေဆိုတာ သူမဝေခွဲတတ်ဘူး ။

မနေ့ကမှရထားတဲ့ အလုပ်လေးပြုတ်မှာတော့ သူ့မှာလဲကြောက်ရပါတယ် ။

" ကြိုဆိုပါတယ် ဒီဘက်ကိုကြွပါ "

သူနဲ့အတူတူ အချိန်ပိုင်းလုပ်နေတဲ့ EuiJooက အသစ်ဝင်လာတဲ့ Customerကို နှုတ်ဆက်တယ် ။ EuiJooအဲ့လိုပြောတိုင်း Fumaက မရယ်ဘဲမနေနိုင်ဘူး ။ EuiJooရဲ့ အသံထွက်ကြောင့်မဟုတ်ဘဲ သူနဲ့ အသားမကျသေးလို့ကို ရယ်စရာကောင်းနေတော့တာ ။

" ရတယ် EuiJoo ကိုယ်သွားလိုက်မယ် ။ မင်းပြန်ရင်ပြန်နှင့်လေ "

EuiJooနေရာက နည်းနည်းလှမ်းတာမို့ ဒီလိုအေးခဲနေတဲ့ ညကြီးမှာ စောစောပြန်စေချင်တာ Fumaရဲ့ စိတ်ရင်းပါပဲ ။ ဒါကို စိတ်ကောင်းရှိတယ်လို့ လူတွေက ပြောကြတဲ့အခါ Fumaက ကျေတော့ကျေနပ်မိသား ။

" ဘာများသုံးဆောင်ပါမလဲ ဧည့်သည် "

" ဘယ်ဟာသောက်ရမလဲ Recommendပေးပါလား "

ခဏ .. Fuma ဆောင်းရာသီကို မကြိုက်သလို နှင်းတွေကိုလဲ သဘောမကျဘူးလို့ပြောမိသလား ? ဘဝမှာ ပထမဆုံး အနေနဲ့ ဒီလူ့ပခုံးပေါ်က နှင်းတွေကို ကြာကြာငေးမိတယ် ။

ကော့ညွှတ်နေတဲ့ မျက်တောင်နက်နက်တွေဝန်းရံထားတဲ့ မျက်လုံးက သေးသေးဝန်းဝန်းလေး ။ ဒါပေမယ့် ဒီမျက်ဝန်းတွေဟာ နှင်းတွေလိုပါပဲ ။ Fumaကို ကြက်သီးပါထစေတဲ့အထိ .. ။

" အာ .. အဆင်ပြေရာသောက်ပါ
အကုန်ကောင်းတယ် "

ထစ်ထစ်အအထွက်ကုန်တဲ့စကားတွေ ... နီရဲနေလောက်ပြီဖြစ်တဲ့ သူ့နားရွက်တွေ .. ။

အဲ့ဒီလူရဲ့ မျက်လုံးတွေကို စိုက်ကြည့်မိတိုင်း ထူပူတက်လာတဲ့ ပါးတွေ ။

ဒုက္ခပဲ .. သူဒီနေ့ခွင့်ယူပြီး ပိုကီမွန်ကြည့်နေခဲ့သင့်တာ ။

𝙒𝙞𝙣𝙩𝙚𝙧 𝘾𝙤𝙛𝙛𝙚𝙚 (𝙆. 𝙁𝙪𝙢𝙖)Where stories live. Discover now