(112.1) ဒါက နှိမ့်ချပြီး ကြင်နာလွန်းတဲ့အချစ်ပဲ!

3.1K 468 12
                                    

(112.1) ဒါက နှိမ့်ချပြီး ကြင်နာလွန်းတဲ့အချစ်ပဲ!

Unicode

ဟန်ယွီထွက်သွားပြီးနောက် အတွင်းရေးမှူးက ဟန်ချောင်ဆီကိုဝင်လာတော့ သူတို့မိသားစုရဲ့ ကြင်နာပြီးရိုးသားလွန်းတဲ့ဒါရိုက်တာက ခါးသီးမှုတွေပြည့်နှက်ကာ ဒေါသထွက်နေပြန်ပြီဆိုတာမြင်လိုက်ရတယ်။

အိုင်းယား။ သူတို့တွေက အမြစ်တစ်ခုတည်းကနေ ထွက်လာတဲ့ အကိုင်းအခက်တွေပဲလေ။ ဘာလို့ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေရတာလဲ? သူတို့ရဲ့ဒါရိုက်တာဟန်ကို နည်းနည်းလောက် ပိုကောင်းအောင် မဆက်ဆံပေးနိုင်ဘူးလား?

ဒါက သူ့ရဲ့တိတိလေးလေ!

ဒါကြောင့် ချမ်းသာပြီး အင်အားကြီးအားတဲ့ မိသားစုတွေက လူတွေနေထိုင်နိုင်တဲ့နေရာမဟုတ်ဘူးလို့ပြောကြတာပဲ!

ဘယ်လောက်တောင် ရက်စက်လိုက်သလဲ!

ရှန်ချင်းရှု အိမ်မှာရက်နည်းနည်းလောက်နားပြီးနောက် ပိုင်ရွှယ်ကောရဲ့မွေးနေ့ပါတီက ရောက်ရှိလာခဲ့ပြီ။ သူနဲ့ ဟန်ချောင်တို့ ကတိပေးထားတဲ့အတိုင်း ပိုင်ရွှယ်ကောဆီ သွားခဲ့ကြတယ်။

ပိုင်ရွှယ်ကောက တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးသွားတဲ့အပေါ် အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တယ်။ သူက သူ့ကို အဝေးမှလှမ်းမြင်လိုက်ကတည်းက ပြေးလွှားလာခဲ့တယ်။

"မင်းတို့နှစ်ယောက် ရောက်ပြီပဲ"

"မင်းအတွက်လက်ဆောင်"

ရှန်ချင်းရှု လက်ထဲကအိတ်ကို ပိုင်ရွှယ်ကောဆီ ကမ်းပေးလိုက်တယ်။

ပိုင်ရွှယ်ကောက အိိတ်ကိုလှမ်းယူရင်းပြောလာတယ်။

"လာ ငါမင်းတို့ကို တခြားလူတွေနဲ့မိတ်ဆက်ပေးမယ်"

သူက ပြောပြီးနောက် ဟန်ချောင်ကိုလှမ်းပြောလိုက်တယ်။

"လိုက်မလာနဲ့.. ကျွန်တော် သူ့ကို အနုပညာလောကထဲက လူတွေနဲ့မိတ်ဆက်ပေးမှာ.. ခင်ဗျားလိုက်လာရင် ခင်ဗျားတို့ဆက်ဆံရေးပေါ်သွားလိမ့်မယ်"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now