အပိုင်း၁၆(Unicode)

168 5 0
                                    

ဒီနေ့ Sunday နေ့ဖြစ်သည့်အပြင် တုနှိုင်းကာရံနဲ့လည်း အပြင်ထွက်ဖို့ ချိန်းထားတာကြောင့်ရေမိုးချိုးပြီး ပေါ့ပေါ့ပါးပါး ဝတ်စုံပဲရွေးချယ်ဝတ်၍ ဖုန်းနဲ့ပိုက်ဆံအိတ်ကိုသာယူကာ အောက်ထပ်ဆင်းလာခဲ့လေ၏။

"သားလွမ်း သွားစရာရှိတာလား"

"ဟုတ်တယ် မာမီ တုနှိုင်းနဲ့တွေ့ဖို့ချိန်းထားလို့"

"ခုသွားတော့မှလား သားလွမ်း"

"ဟုတ် ခနနေ သူ့လာခေါ်ရင်သွားတော့မယ် မာမီဘာမှာစရာရှိလို့လဲ သားဝယ်ခဲ့မယ်လေ"

"ဘာမှမှာစရာမရှိပါဘူး သားတို့သာရုံးပိတ်ရက်အေးဆေးလျှောက်လည်ခဲ့"

"ဟုတ် မာမီ"

မာမီနဲ့သူ စကားပြောနေတုန်း ဖုန်းထဲသို့ တုနှိုင်းကာရံရဲ့ အိမ်ရှေ့ရောက်နေပြီဖြစ်ကြောင်း အသိပေးစာလေး ဖုန်းထဲသို့ဝင်လာလေတော့ လွမ်းလည်း မာမီကို နှုတ်ဆက်ကာ အပြင်သွားရန် ထွက်လာခဲ့၏။

"မှူး ရုပ်ရှင်ရုံက ဘယ်နေရာသွားချင်လဲ"

seat-beltတပ်နေတဲ့သူကို မေးလာတဲ့တုနှိုင်းကာရံ။

"မင်း အဆင်ပြေတဲ့နေရာကိုသွားလေ"

သူ့လည်း seat-belt တပ်ပြီးနောက် ပြန်လှည့်ကာ ပြန်ဖြေလိုက်သည်။

"အိုကေ"

ကာရံလည်း ရုပ်ရှင်ကြည့်ရန်အတွက် တစ်နေရာစီသို့ မောင်းလာခဲ့၏။

"ဒီနေရာဆို အဆင်ပြေရဲ့လား မှူး"

ခု လွမ်းတို့၂ယောက်ရောက်နေသည့်နေရာက Fire Shopping Mall ဖြစ်လေသည်။

"ပြေတယ် တုနှိုင်း"

"ဒါဆိုရင် ကျွန်တော်တို့ရုပ်ရှင်ရုံရှိတဲ့အထပ်ဆီကို သွားကြရအောင်"

"အင်း"

လွမ်းတို့၂ယောက် ရုပ်ရှင်ထားတဲ့အထပ်ကို တတ်လိုက်လာခဲ့လိုက်၏။Fire Shopping Mallကို အရင်တစ်ခေါက်က ခွန်းသက္ကရာဇ်ဈာန်ရောက်သော်လည်း ဟို၁ယောက်က စိတ်မရှည်တတ်တဲ့ လူဖြစ်တာကြောင့် လွမ်း ဘယ်မှမသွားဘဲ လိုအပ်တဲ့အဝတ်အစားဝတ်ဖို့အတွက်ကိုသာ ဦးစားပေးလိုက်သည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Место, где живут истории. Откройте их для себя