" အဆင်သင့်ဖြစ်ကြပြီလား "
" ဖြစ်ပါပြီ ခေါင်းဆောင် "
" အဲ့တာဆို ဝင်ဖို့အသင့်ပြင်ထားကြ "
" ဟုတ်ကဲ့ပါ ခေါင်းဆောင် "
" အော် ဒါနဲ့ လက်ပတ်တွေဝတ်ထားပြီလား "
" ဟုတ် ဝတ်ထားပါတယ် ခေါင်းဆောင် "
နက္ခတ်ဆက် ဂိုဏ်းသားများကိုသေချာမှာပြီးနောက် ဇက်ပိုင်ခွင် တို့ရှိသည့်ကားထဲကိုပြန်လာလိုက်ပြီး ဟိုဘက်အဖွဲ့အလာကိုစောင့်နေလိုက်တယ် ။ တပည့်ဖြစ်သူတွေကိုစောင့်ကြည့်ဖို့လဲ မမေ့ဘူးပေါ့လေ ။
" ဟျောင့် ဆက် အခြေနေဘယ်လိုလဲ"
" သူတို့ကိုအထဲမှာနေရာယူခိုင်းထားတယ် "
နက္ခတ်ဆက် ဝတ်ထားတဲ့မျက်နှာဖုံးကိုချွတ်ရင်း ဖြေလိုက်တယ် ။
" မင်းတို့ကော အခြေနေ "
" မသိရသေးဘူး သေချာတော့စောင့်ကြည့်နေတာပဲ "
" အေ ဆက်လုပ် "
" ဘယ်သူက စာပို့ငှက်လဲတွေ့ပြီထင်တယ် "
ခမ်းမက်လွင် ပြောလိုက်သောစကားကြောင့် နက္ခတ်ဆက်ကော ဇက်ပိုင်ခွင်ကော လှမ်းကြည့်လိုက်တော့ TV Screen မှာပေါ်လာတဲ့ အချက်ပြစနစ် တစ်ခု ။ လက်ပတ်မှာ Gps ထည့်ထားတာကြောင့် သတ်မှတ်ထားတဲ့နေရာအတွင်းမဟုတ်ရင် အချက်ပြခြင်း ဖြစ်သည်။
" Demon သူ့ကိုသွားဖမ်းလာခဲ့ "
နက္ခတ်ဆက် ပြောလိုက်သည်နှင့် ကားနောက်ခန်းမှ နက္ခတ်ဆက်၏ခွေး5ကောင်ဖြစ်သော Demon ၊ Bark ၊ Roger ၊ Jack ၊ Dorain ချက်ချင်းပြေးဆင်းသွားပြီး အချက်ပြထားသောသူစီသို့ ။
" ဆက် Gunသံတွေကြားတယ် ဟိုဘက်ကရောက်ပြီထင်တယ် "
" ဝင်ကြရအောင် "
နက္ခတ်ဆက် တို့ဂိုထောင်ထဲဝင်သွားသည်နှင့် ထင်သည့်အတိုင်းပင်အထဲမှာပစ်ခတ်နေကြသည် ။ နက္ခတ်ဆက် တို့လည်းကိုယ်စီနေရာယူကာ ဟိုဘက်အဖွဲ့ကိုပစ်ကြလေသည် ။
" ဆက် မင်းဟိုဘက်ကနေငါ့ကိုကာပစ်ပေး "
" ပစ်ပေးထားတယ် "
YOU ARE READING
✨နက္ခတ်ကြွေတဲ့ ကြယ်✨ [Ongoing]
Romanceဘယ်အရာကိုမှ မမျှော်လင့်တော့ပဲ လုံလောက်အောင်စိတ်ကုန်သွားတဲ့အခါ အရာရာကိုစွန့်ပစ်တတ်လာတယ်~~ နာကျင်တာနဲ့ နာကျည်းတာကမတူဘူး နာကျင်တာကခဏတာဆိုပင်မဲ့ နာကျည်းတာကတော့တစ်သက်စာ~~~ တောင်းပန်တာကမလုံလောက်မှန်းသိပေမဲ့ ဆက်တောင်းပန်နေမိတယ်~~