VI

224 28 8
                                    

Ring🎶 Ring🎶

"ဝေ•••ဟယ်လို၊ ဟယ်လို••••"

သိပ်မကြားရတဲ့ ပုံစံမျိုးဖြင့် လူတွေနဲ့ဝေးရာဘက်ဆီ ထထွက်သွားသော မင်းသားရဲ့ ကျောပြင်ကိုကြည့်ရင်း LeLe တွေးနေမိသည်။

တစ်ခုခုကတော့ သေချာပေါက်ထူးခြားနေလေပြီ။ ဒီရက်ပိုင်းတွေမှာ မင်းသားဟာ ရိုက်ကူးရေးနားတာနှင့့် ဖုန်းကို တန်းရှာတတ်လေသည်။ ပီးရင် စခရင်ဆီမှာ တတောက်တောက် နှိပ်နေတတ်ပီး ခနကြာတာ
နှင့် တစ်ဖက်ဆီမှ ဖုန်းဝင်လာတတ်သည်။ ထိုအခါမျိုးမှာ တော့ ထိုကဲ့သို့ "ဟယ်လို" ဆက်တိုက်ပြောကာ ထထွက်သွားတတ်သည်။ ဖုန်းပြောပီးလို့ ပြန်လာရင်တော့ တစ်ချို့ရက်တွေမှာ မျက်နှာမှာ ပြုံးရိပ်သန်းနေတတ်ပြီး တစ်ချို့ရက်များမှာဆိုရင်တော့ သုန်မှုန်နေတတ်သည်။

အဲ့လိုရက်များမှာ ဆိုရင်တော့ ဖုန်းစခရင် ခနခန လင်းလက်လာပုံအရ တစ်ဖက်မှ စာပို့လာတာမျိုးဖြစ်မည်။ ထို့ကဲ့သို့ စခရင် လေးငါးခါလောက် လင်းလက်ပီးမှသာ မျက်နှာက ပြန်ကြည်လင်လာတတ်သည်။

နောက်တစ်ခုထူးခြားသည်မှာ အိမ်သို့ ခပ်စောစော ပြန်တတ်လာခြင်းပင်ဖြစ်သည်။ ဒီရက်ပိုင်းအတွင်း ညပိုင်းရိုက်ကူးရေးမရှိသည်မှာ နှစ်ပတ်ထဲရောက်လာပြီဖြစ်သည်။ ခရီးထွက်ရတာမျိုးလဲ မရှိပဲ ရိုက်ကူးရေးစတင်ချိန်ကိုလဲ ရွှေ့ဆိုင်းပစ်ကာ မနက်ပိုင်းဆို နောက်ကျမှ ရို်က်ကူးရေးစတင်လေ့ရှိပြီး ညနေဘက်ဆို ရိုက်ကွင်းသိမ်းချိန်စောတတ်လေသည်။ Schedule များ cancel ထားသော်လည်း ဘယ်သူ့ဆီကမှ complain တက်လာတာမျိုးမရှိ။ဒါသည်ပင် YanYan ၏ လုပ်ဆောင်နိုင်စွမ်းပင်ဖြစ်သည်။

YanYan သည်က မင်းသားတစ်ယောက်ကိုပဲ ကြည့်သူဖြစ်ကာ မင်းသားဆီမှ "Schedule ပြန်ဖြည့်လိုက်တော့"ဟု မပြောမချင်း လုပ်မည့်သူမဟုတ်ပေ။ ခါတိုင်းဆိုရင် သူ့ကိုရော YanYan ကိုပါ အိမ်ထဲအထိ လိုက်ဝင်ဖို့ မင်းသားက ခေါ်တတ်သည်။ အခုရက်ပိုင်းများတွင်တော့ မင်းသားက မြေအောက်ကားပါကင် အထိပဲ လိုက်ပို့စေကာ အိမ်အထိ လိုက်ခဲ့ဖို့ မခေါ်တော့။

ထိုထူးခြားမှုဟာ မင်းသားဆီမှာ တစ်ယောက်ယောက်ရှိနေပီမှန်း သူရော YanYan ပါ အကင်းပါးသူများမို့ ဒါကိုတော့ကောင်းစွာသိပါသည်။ ဘယ်သူဖြစ်နိုင်သလဲဆိုတာပါ တွက်ချက်ထားသူများအဖို့ မင်းသားက လိုအပ်တယ်လို့ မပြောလာမချင်း သူတို့က ဒီတိုင်းပဲစောင့်ကြည့်ပေးရမည်ဖြစ်သည်။သခင်ကြီး ဆီမှလဲ သူ့သားငယ်နဲ့ ပတ်သက်ပြီး ဘယ်လိုညွှန်ကြားချက်မျိုးမှ ရောက်မလာခဲ့ပေ။

Tie? Die?Where stories live. Discover now